DVB Logo
Home
မြန်မာသတင်း
ဝါးခယ်မတွင် ဒေသလုံခြုံရေးအတွက် သက်ကြီးအမျိုးသားများကို စစ်သင်တန်းတက်ရန် ခြိမ်းခြောက် ခေါ်ယူ 
DVB
·
December 8, 2024
ဝါးခယ်မတွင် ဒေသလုံခြုံရေးအတွက် သက်ကြီးအမျိုးသားများကို စစ်သင်တန်းတက်ရန် ခြိမ်းခြောက် ခေါ်ယူ 
Donate to DVB

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒေသလုံခြုံရေးအတွက် စစ်သင်တန်း မတက်လိုကြောင်း ပြောတဲ့ သက်ကြီးအမျိုးသားတွေကို ခြိမ်းခြောက်ဖမ်းခေါ်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဝါးခယ်မမြို့နယ်မှာ နိုဝင်ဘာ ပထမ အပတ်ကစတင်ပြီး စစ်ကောင်စီရဲ့ ဒေသလုံခြုံရေးအဖွဲ့မှာ ပါဝင်ဖို့အတွက် အသက် ၃၅ နှစ် ကေန ၆၅ အရွယ် အရပ်သားတွေကို စစ်သင်တန်းတက်ဖို့ ခေါ်ယူနေပြီး စစ်သင်တန်းမတက်လိုကြောင်းပြောတဲ့ အသက် ၆၅ နှစ်အရွယ် အရပ်သား အမျိုးသားတွေကိုပါ စစ်ကောင်စီတပ်က ခြိမ်းခြောက် ဖမ်းဆီးခေါ်ယူနေတာလို့ ဆိုပါတယ်။ 

''ပြည်သူ့ လုံခြုံရေးအဖွဲ့မှာ ပါတယ် စစ်သင်တန်းတက်ရမယ်ပေါ့ အုပ်ကြီးက ပြောတာ။ အသက်အရွယ်နဲ့ ကျန်းမာရေးမကောင်းလို့ မလုပ်လို့ အဆင်ပြေမလား မေးတာကို မရဘူး။ စစ်သင်တန်းမတက်ရင် ဖမ်းဆီးထောင်ချလို့ ရတယ်လို့ အုပ်ချုပ်ရေးမှူးတွေ ပြောတာ။ ပြောပြီး နောက်ရက်ကျတော့ စစ်တပ်နဲ့လာခေါ်တာ” လို့ ဝါးခယ်မ ဒေသခံတယောက်ကပြောပါတယ်။ 

အဲ့ဒီ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်အထိရှိတဲ့ အမျိုးသားတွေကို စစ်ကောင်စီတပ်က ဒေသလုံခြုံရေး အတွက်မဟုတ်ဘဲ ရက် ၃၀ သိုမဟုတ် ၄၅ ရက် စစ်သင် တန်းပေးပြီး လိုအပ်ပါက စစ်တိုက်ထွက်ဖို့ အရပ်သား အမျိုးသားတွေကို မလွတ်တမ်းစည်းရုံးခေါ်ယူနေတာလို့ စစ်ကောင်စီ ဝါးခယ်မမြို့နယ်အုပ်ချုပ် ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“စစ်သင်တန်းမတက်လိုကြောင်း ပြောတဲ့သူတိုင်းကို တပ်က ခေါ်စစ်ဆေးတာဟုတ်တယ်။ PDF လား၊ အကြမ်းဖက် အားပေးလားခေါ်မေးပြီး ရိုက်နှက်တာလို့ သိရတယ်။  ငြင်းမရလို့ စစ်သင်တန်းတက်နေရသူတွေမနည်းရှိတယ် လို့သိရတယ်။”

ဝါးခယ်မမြို့နယ်အပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီရဲ့လမ်းညွှန်ချက်နဲ့ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီတပ်ပေါင်းပြီး အသက် ၃၅ နှစ်ကနေ ၆၅ နှစ် အထိရှိတဲ့ အရပ်သား အမျိုးသား အယောက် ၅၀၀ မနည်းကို နိုဝင်ဘာလထဲမှာ ပြည်သူ့ လုံခြံရေးစနစ် ဖော်ဆောင်ဖို့ ဖိအားပေးခေါ်ယူ စစ်သင်တန်း ပေးခိုင်းထားတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013