DVB Logo
Home
မြန်မာသတင်း
တွေ့ဆုံဆွေးနွေးရေး TNLA ကမ်းလှမ်းချက် စစ်ကောင်စီဘက်က တုံ့ပြန်ခြင်းမရှိသေး 
DVB
·
December 8, 2024
တွေ့ဆုံဆွေးနွေးရေး TNLA ကမ်းလှမ်းချက် စစ်ကောင်စီဘက်က တုံ့ပြန်ခြင်းမရှိသေး 
Donate to DVB

စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေး အခြေအနေတည်ဆောက်ဖို့ တွေ့ဆုံဆွေးနွေးဖို့ အသိပေးထုတ်ပြန်တာ ၁၀ ရက်ကျော်လာပေမဲ့ စစ်ကောင်စီဘက်က ကမ်းလှမ်းလာတာမျိုး မရှိသေးဘူးလို့ TNLA ထံက သိရပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ တအာင်းဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေရတဲ့ ဒေသပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာထောက်ထားမှု၊ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်အထိ ငြိမ်းချမ်းရေးဆွေးနွေးမယ့်အပေါ် တစုံတရာ တုံ့ပြန်လာတာမျိုး မရှိသေးသလို ဆွေးနွေးဖို့အတွက် ကမ်းလှမ်းလာတာမျိုးလည်း မရှိသေးဘူးလို့ TNLA သတင်းအရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ နောင်ချိုမြို့မှာ လေကြောင်းတိုက်ခိုက်မှု လျော့နည်းသွားခဲ့ပြီး တိုက်ပွဲအခြေအနေတွေလည်း အနည်းငယ်ငြိမ်သက်နေပေမဲ့ ထိတွေ့မှုအချို့တွေတော့ ဖြစ်နေဆဲပဲလို့ ဆိုပါတယ်။

TNLA နည်းတူ MNDAA အနေနဲ့လည်း နိုင်ငံတော်ကနေ ခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းပြုလုပ်မှာမဟုတ်၊ ရောက်ရာကနေ အပစ်ရပ်မှာဖြစ်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်လုပ်မှာမဟုတ်၊ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စတွေကို တွေ့ဆုံနည်းလမ်းဖြင့် အဖြေရှာမယ်၊ ဝေဟင်နဲ့မြေပြင် ထိုးစစ် ရပ်ဆိုင်းရမယ်၊ နိုင်ငံရေးနည်းလမ်းဆိုပေမဲ့ ခုခံကာကွယ်ခွင့် ဆက်လက်ကိုင်စွဲသွားမယ်ဆိုတဲ့အချက်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

MNDAA ကို စစ်ကောင်စီက တွေ့ဆုံဆွေးနွေးဖို့အတွက် ကမ်းလှမ်းတာမျိုးရှိ/မရှိ MNDAA ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုတာမျိုးတော့ မရှိသေးပါဘူး။

တွေ့ဆုံဆွေးနွေးမယ်လို့ ကြေညာထားတဲ့ TNLA နဲ့ MNDAA တို့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီစခန်းတွေနဲ့ မြို့တွေ တခုပြီးတခု သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် (AA) ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013