DVB Logo
Home
မြန်မာသတင်း
နခခ ၅ ကို ဦးဆောင်နေသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် အရာရှိအချို့ ထွက်ပြေး
DVB
·
December 8, 2024
နခခ ၅ ကို ဦးဆောင်နေသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် အရာရှိအချို့ ထွက်ပြေး
Donate to DVB

မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၅ ကို ဦးဆောင်နေတဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိအချို့ ထွက်ပြေးသွားတယ်လို့ နခခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မောင်တောအခြေစိုက် နခခ ၅ မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ဟာ  ARSA အဖွဲ့ရဲ့ အကူအညီနဲ့ ဒီဇင်ဘာ ၄ ရက်က ထွက်ပြေးခဲ့တာလို့ နခခ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အဲ့နေ့က ARSA အဖွဲ့နဲ့ AA အဖွဲ့တွေ မောင်တောမြောက်ပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သေးတယ်၊ ကစခမှူးက အရင်ကတည်းက ပြည်သူ့စစ်တွေ စည်းရုံးရေးကောင်းတော့ ASRA အဖွဲ့တွေကို လာခေါ်ထုတ်သွားခိုင်းတာဖြစ်မယ်။”

နပခ (အမ်း) နဲ့ နခခ ၅ ကို စီမံကွပ်ကဲရတဲ့ အမှတ် ၃ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်က ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အဖွဲ့ကို လိုက်လံရှာဖွေ ဖမ်းဆီးခိုင်းထားတယ်လို့လည်း တပ်တွင်းသတင်းအရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

“အမ်းမှာ တိုင်းမှူး မရှိ နခခ ၅ မှာ စကခမှူးကလည်း ထွက်ပြေးတော့ ပရမ်းပတာ ဖြစ်နေတယ်။ ဗိုလ်မှူးချုပ် သူရိန်ထွန်း ဆို စကခ ၁၅ ကို AA က လာတိုက်တုန်းက နခခ ၅ ကို တယ်၊ နခခ ၅ ကို ထပ်တိုက်ခံရတော့ ထပ်ပြေးတယ်၊ အခုက ဘယ်ကို ပြေးသွားလဲမသိဘူး။ တိုက်ပွဲဖြစ်နေတော့ သူ ပြေးသွားတာ ဘယ်သူမှ မသိလိုက်ဘူး။” 

အာရက္ခတပ်တော် (AA) အဖွဲ့က ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အခုနှစ် မေ ၂ ရက်မှာ သိမ်းယူခဲ့ပြီး အဲဒီတုန်းက ဒုစကခမှူးနဲ့ တပ်သားရာနဲ့ချီကာ လက်နက်ချအညံ့ခံခဲ့ပါတယ်။

အရင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဘူးသီးတောင်အခြေစိုက် စကခမှူး တာဝန်နဲ့ မောင်တောတပ်နယ်မှူးအဖြစ် တာဝန်ပေးခဲ့တာပါ။

မန္တလေးမှာ တိုင်းစစ်ဦးစီးချုပ် တာဝန်ယူတုန်းကလည်း ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ပြီး လက်နက်တွေ ထုတ်ပေးခဲ့တဲ့သူတယောက်ပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013