DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ကျန်းမာရေးဆိုင်ရာညီလာခံကို CRPH တက်ရောက်
DVB
·
December 7, 2024
ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ကျန်းမာရေးဆိုင်ရာညီလာခံကို CRPH တက်ရောက်
1 / 3
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုံခြုံမှုကိစ္စရပ်တွေအတွက် အာရှ-ပစိဖိတ်ဒေသတွင်း ပါလီမန်များရဲ့ ဒေသတွင်းညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။ 

ဒီညီလာခံကို ထိုင်းလွှတ်တော်နဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့ ပူးပေါင်းပြီး စီစဉ်တာဖြစ်သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့လည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ 

ဒီဇင်ဘာ ၂ ရက်ကနေ ၃ ရက်အထိ ကျင်းပခဲ့တဲ့ ဒီညီလာခံကိုတော့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ရဲ့ ဖိတ်ကြားချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တက်ရောက်ခဲ့ပါတယ်။

ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက်က “နောင်လာမယ့် ကမ္ဘာ့ကပ်တွေ ဖြစ်လာခဲ့ရင်ပေါ့နော် ကိုဗစ်မှမဟုတ်ဘူးပေါ့နော်၊ တခြား Mpox တို့၊ SARS တို့ စသဖြင့်ပေါ့နော်။ အဲ့လိုမျိုး အလားတူ ကမ္ဘာ့ကပ်တွေ ဖြစ်လာရင် regional အဆင့်ကို ရောက်မသွားအောင် နိုင်ငံတွေက ပြင်ဆင်သွားပြီးတော့မှ Universal Health Coverage စနစ်ရောက်အောင် ဘယ်လို ပြင်ဆင်ထားကြမလဲဆိုတာကို ဆွေးနွေးကြတာပေါ့နော်။ နည်းပညာနဲ့ ကျန်းမာရေး ပူးပေါင်းပြီးတော့ နောက်ဆုံးပေါ် နည်းပညာနဲ့ ကျန်းမာရေးကို ဘယ်လိုပူးပေါင်းပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ကျနော်တို့ ဘယ်လို ဖြည့်ဆည်းကြမလဲဆိုတဲ့ဟာတွေ ဆွေးနွေးကြတာပေါ့နော်။ ဝမ်းနည်းစရာကောင်းတာက ကျနော်တို့ တိုင်းပြည်က စစ်ပွဲကာလ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ အများကြီးတော့ ဆွေးနွေးလို့ မရဘူးပေါ့လေ။ နည်းနည်းတော့ အားနည်းတာပေါ့ ကျနော်တို့ဘက်က ပြောရဆိုရ၊ ဆွေးနွေးရတာ။ သို့သော်လည်းပဲ၊ တခြား မီတင်တွေမှာ တိုင်းပြည်ရဲ့ လက်ရှိ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ စကစရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းဗုံးကြဲနေတဲ့ ပုံစံတွေ၊ လူအမြောက်အမြား သတ်နေတဲ့ ကိစ္စတွေ၊ ဒီလိုမျိုးတွေကတော့ ကျနော် bilateral မှာတော့ ရှင်းပြခွင့်ရခဲ့တယ်” လို့ ပြောပါတယ်။ေ

ညီလာခံကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူး ဦးထွန်းမြင့်က ဦးဆောင်ပြီး စုစုပေါင်း ၅ ဦး တက်ရောက်ခဲ့တာပါ။ 

ညီလာခံမှာတော့ နိုင်ငံတကာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ အာရှ-ပစိဖိတ်ဒေသတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ကျန်းမာရေး အရေးပေါ် အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနဲ့ အနာဂတ်အန္တရာယ်တွေကို ရင်ဆိုင်ဖို့ မူဝါဒဆိုင်ရာ လိုက်လျောညီထွေ ဖြစ်စေရေး စတဲ့ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013