DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက အဓမ္မခေါ်ခံရသည့်တပ်သားသစ်များ ရခိုင်တိုက်ပွဲသို့ပို့ခံရ
DVB
·
December 7, 2024
ဧရာဝတီတိုင်းက အဓမ္မခေါ်ခံရသည့်တပ်သားသစ်များ ရခိုင်တိုက်ပွဲသို့ပို့ခံရ
Donate to DVB

ဧရာဝတီတိုင်းကနေ အတင်းအဓမ္မစစ်မှုထမ်းဖို့ခေါ်ခံရတဲ့ တပ်သားသစ်တွေကို ရခိုင်ပြည်နယ်၊ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်းတောမြို့နယ်တို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ထပ်ပြီး ပို့ပေးနေရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းအခြေစိုက် တပ်ရင်းတွေကို ရခိုင်ပြည်နယ်ထဲပို့ထားပြီး တိုက်ပွဲအတွင်းသေဆုံးတာ ထွက်ပြေးတာနဲ့ အရှင်ဖမ်းဆီးခံရတာတွေရှိနေတာကြောင့် တပ်သားသစ်တွေကို ထပ်ပို့နေရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းတွင်းက ဖျာပုံ၊ ဟင်္သာတ၊ ဓနုဖြူ၊ ပုသိမ်၊ မအူပင်၊ အိမ်မဲမြို့က တပ်တွေအပြင် ရန်ကုန်မြို့က လှိုင်သာယာအခြေစိုက်တပ်တွေပါ ပို့ခံထားရပြီး စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ တပ်သားသစ် စုဆောင်ခံထားရသူတွေကိုလည်း စစ်သင်တန်းချက်ချင်းပေးပြီး ပို့ဆောင်နေတာလို့ သိရပါတယ်။

အမှတ် ၁၀၈ တပ်နဲ့နီးစပ်သူတယောက်က “ဓနုဖြူမြို့အခြေစိုက်တဲ့ အမှတ် ၁၀၈ ခြေမြန်တပ်ရင်းကနေ လူစုပြီးပို့ပေးတာ။ ဧရာဝတီတတိုင်းလုံးမှာရှိတဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေက တပ်သားသစ်တွေကို ပို့ပေးရတာ။ အရင် ပုသိမ်တိုင်းစစ်ဌာနချုပ်က ပို့ပေးတာဖြစ်ပေမဲ့ အခု စစ်မြေပြင်မှာ အရေးပေါ်စစ်သားလိုအပ်ချက်တွေကြောင့် ဓနုဖြူအခြေစိုက်တပ်ရင်မှာလူစုပြီး ပို့ပေးနေတာ” လို့ DVB ကို ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ အေးချမ်းတယ်ဆိုပေမဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အသေအပျောက်များနေလို့ တပ်မိသားစုတွေပူဆွေးသောကရောက်နေကြပြီး တိုင်းစစ်ဌာနချုပ်က အဲဒီသတင်းတွေ ပျောက်ကွယ်ရအောင် အပျော်အပါးနဲ့ ပွဲလမ်းသဘင်တွေကို မကြာခဏ လုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ဟင်္သာတမြို့ ခလရ ၁၈၊ မအူပင်မြို့ ခလရ ၂၇၊ အိမ်မဲမြို့ ခလရ ၆၃ နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့ ခမရ ၅၃၂ တပ်တွေက တပ်သားသစ်တွေစုပြီး ဂွမြို့နယ်ထဲ စစ်ကူတွေတက်လာတာကြောင့် နိုဝင်ဘာ ၂၄ ရက်နေ့မှာ AA နဲ့တော်လှန်ရေးတက်ဖွဲ့တွေက သံခဲချိုင်ကျေးနဲ့ ကင်းပုံးကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ကြားဖြတ်တိုက်ခိုက်တဲ့ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၂၀ ကျော်အပြင် စစ်သုံ့ပန်းတွေနဲ့ လတ်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013