DVB Logo
Home
နိုင်ငံတကာ
TikTok ကို ရောင်းလျှင်ရောင်း၊ မရောင်းလျှင်ပိတ်မည့်ဥပဒေ အမေရိကန်တရားရုံး အတည်ပြု
DVB
·
December 7, 2024
TikTok ကို ရောင်းလျှင်ရောင်း၊ မရောင်းလျှင်ပိတ်မည့်ဥပဒေ အမေရိကန်တရားရုံး အတည်ပြု
Donate to DVB

၂၀၂၅ ခုနှစ် အစောပိုင်းမှာ TikTok ကို ရောင်း ရင်ရောင်း မရောင်းရင် အပိတ်ခံရမဲ့ ဥပဒေကို တရုတ်နိုင်ငံပိုင် ByteDance ကုမ္ပဏီက ပြည်ထောင်စုအယူခံတရားရုံးမှာ အယူခံဝင်ခဲ့ရာ မအောင်မြင်ခဲ့ပါဘဲ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ တရားရုံးက အတည်ပြုခဲ့ပါတယ်။ 

တရားရုံးစီရင်ချက်မှာ ဒီဥပဒေဟာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်အမတ်တွေသာမက သမ္မတနှစ်ဦးလုံးကပါ လက်တွဲလုပ်ဆောင်ခဲ့တဲ့ရလဒ်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အင်မတန်ခိုင်လုံတဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအပေါ် တန်ပြန်ဖို့ ကျယ်ကျယ်ပြန့်ပြန့်အားထုတ်မှုရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ တရားရေးဝန်ကြီးဌာနနဲ့ တရုတ်ပိုင် App ကို ဆန့်ကျင်သူတွေအတွက် အောင်ပွဲတခုဖြစ်ပြီး၊ TikTok မိခင်ကုမ္ပဏီ ByteDance အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်ပါတယ်။ 

အမေရိကန် လူဦးရေ ၁၇၀ သန်း အသုံးပြုနေတဲ့ ဒီ လူမှုကွန်ရက် App ကို ၆ ပတ်အတွင်း ပိတ်ပင်နိုင်ခြေ များသွားပါပြီ။ TikTok ကတော့ အမြင့်ဆုံးတရားရုံးကို ဆက်ပြီး အယူခံဝင်သွားမယ်လို့ ပြောကြားထားပါတယ်။ 

တရားရေးဝန်ကြီးဌာနက TikTok ဟာ တရုတ်ပိုင်ဆိုင်မှုအောက်မှာ ရှိနေသရွေ့ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုနိုင်တဲ့အတွက် ခြိမ်းခြောက်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ TikTok ကနေတဆင့် အမေရိကန်ပြည်သူတွေ ရရှိတဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်စွာ ထိန်းချုပ်နိုင်တယ်လို့လည်း စွပ်စွဲထားပါတယ်။

တရုတ်သံရုံးကတော့ ဒီဥပဒေဟာ ထင်ရှားတဲ့ စီးပွားရေး ဓားပြတိုက်မှုတခုဖြစ်တယ်လို့ ပြောကြားပြီး၊ အမေရိကန်အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ အပြန်အလှန် ယုံကြည်မှုကို မထိခိုက်စေဖို့ သတိထားကိုင်တွယ်သင့်တယ်လို့ သတိပေးထားပါတယ်။ 

TikTok အကြီးအကဲ ရှောင်ဇီချူးကတော့ ဒီဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာဖြစ်ပေမဲ့ သူတို့ရဲ့ App ပေါ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဝန်ထမ်းတွေကို အီးမေးလ်ပို့ပြီး ပြောကြားထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013