DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်လာမည့်သတင်းကြောင့် မန္တလေးတွင် လုံခြုံရေးတင်းကျပ်
DVB
·
December 6, 2024
စစ်ခေါင်းဆောင်လာမည့်သတင်းကြောင့် မန္တလေးတွင် လုံခြုံရေးတင်းကျပ်
Donate to DVB

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ခေါင်းဆောင်လာမယ်ဆိုတဲ့သတင်းကြောင့် မြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်နေတယ်လို့ မန္တလေး ဒေသခံ PDF တွေက ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပြုလုပ်နေတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်သင်တန်းဆင်းပွဲနဲ့ စစ်နည်းပညာတက်သိုလ်သင်တန်းဆင်းပွဲတွေကိုစ စ်ခေါင်းဆောင်တက်ရောက်နေပြီး နောက်ရက်တွေမှာ မန္တလေးမြို့၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခရီးဆက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာပါ။ 

စစ်ခေါင်းဆောင် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပေမဲ့ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေကနေ တရားဝင်သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

ပြင်ဦးလွင်မြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ခေါင်းဆောင်ဘယ်နေရာမှာ တည်းခိုတယ်ဆိုတာကိုလည်း အတိအကျမသိရဘူးလို့ မတ္တရာPDF ခေါင်းဆောင် ဦးတိုးက ပြောပါတယ်။

"မန္တလေးမြို့အခြေအနေက မြို့ပေါ်မှာ လမ်းကြောင်းလေးတွေ နည်းနည်းပါးပါး ပိတ်ဆို့တာရှိတယ်။ ဟိုကောင် မင်းအောင်လှိုင် လမ်းကြောင်းရှိတယ်လို့တော့ သိရတယ်။ မင်းအောင်လှိုင် ပြင်ဦးလွင်ရောက်နေပြီလေ ၄ ရက်နေ့ကတည်းက။ ပြင်ဦးလွင်မြို့ပေါ်မှာတော့ တင့်ကားတွေရော၊ သံချပ်ကာကားတွေရော လှည့်ပတ်ပြီးတော့ လုံခြုံရေးဆောင်ရွက်နေတာ ရှိတယ်။ ကစဒ မှူးတွေကအစ လုံခြုံရေးဆင်းယူပေးရတယ်လို့ကြားတယ်။ နောက်တခါ မအလက DSA မှာ မတည်းဘဲနဲ့ အနီးစခန်းအရှေ့ဘက်နားကျမယ်၊ အင်းကြီးရွာနဲ့မြောက်ဘက်ပေါ့ အဲ့နားမှာ မုဒိန်းဘုန်းကြီးဆိုပြီး နာမည်ကြီးတာတယောက်ရှိတယ်၊ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်း တယ်လို့ကြားတယ။ မအလ ပြင်ဦးလွင်လာတဲ့အကြောင်းရင်းက DSA ရော၊ DSTA ရော ၂ ခုစလုံး သင်တန်းဆင်းပွဲရှိတယ်။ ၄ ရက်နေ့နဲ့ ၆ ရက်နေ့ဆိုတော့ ဒီနေ့ဆို ၆ ရက် DSA က ပြီးသွားရောပေါ့၊ အဲ့ဒီကိစ္စလာတာလို့သိရတယ်။"

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် တလအလို ၂၀၂၃ စက်တင်ဘာလကတည်းက မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေကို နေရာစုံကနေ ထိုးစစ်ဆင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပ်လှန့်တာတွေ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီနောက်ပိုင်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအရှိန်နဲ့အတူ ဒေသတွင်း PDF တွေဟာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြေလတ်ဒေသခံနိုင်ငံရေးသမား တယောက်က ပြောပါတယ်။

မန္တလေးမြို့ကို မြောက်ပိုင်းမဟာမိတ်တွေက ရှမ်းပြည်နယ်စပ်ဘက်က ထိုးစစ်ဆင်ခဲ့သလို မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်က ဒေသခံကာကွယ်ရေးအဖွဲ့တွေကလည်း မန္တလေးနဲ့ နေပြည်တော်ကိုဦးတည်တဲ့ ထိုးစစ်ဆင်မှုတွေ ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

မြေလတ်ဒေသခံ နိုင်ငံရေးသမားတယောက်က  “လုပ်သင့်လုပ်ထိုက်တာတွေကို နယ်မြေခံတော်လှန်ရေး လူငယ်တွေဟာ လုပ်နေပါတယ်။ အမြော်အမြင်ရှိရှိနဲ့ ဆောင်ရွက်နေ ပါတယ်။ အမြော်အမြင်ရှိရှိနဲ့ချိတ်ဆက်နေပါတယ်။ အမြော်အမြင်ရှိရှိနဲ့ပဲ ပူးပေါင်းဆောင်ရွက်နေ ပါတယ်လို့ပဲ ဒီလိုပဲပြောချင်ပါတယ်” လို့ ပြောပါတယ်။

မကွေးတိုင်းဒေသခံနိုင်ငံရေးသမားတယောက်က "ပခုက္ကူခရိုင်ကတော့ ဒရုန်းလက်ရုန်း တပ်တွေကတော့ ခရိုင်ရင်းတွေရဲ့လက်အောက်မှာ ဖွဲ့ပြီးပြီဆိုတဲ့အခါကြတော့ ဒရုန်းတပ်တွေကတော့ အဓိကချဉ်းကပ်လို့ရတဲ့ ပျူရွာအထိုင်တွေကို သူတို့လောလော ဆယ်ခြေမှုန်းရေးတွေ လုပ်နေတယ်။ အဲ့ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ချက်ချင်းသူတို့ ကြေညာချက်မထုတ်ဘူး။ တလကျော် တလခွဲလောက်ရှိတော့မှပဲ သူတို့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့မှ ကြေညာချက်ကလေးတွေထုတ်တဲ့အခါကြတော့ Update တော့ မသိရတဲ့ အနေအထားလေးတွေတော့ရှိတယ်ပေါ့” လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအလွန်မှာ မန္တလေးဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေက မန္တလေးနန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းတွေ နဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သလို  မန္တလေးမြို့နဲ့ကပ်လျက် မတ္တရာ၊ ပြင်ဦးလွင်၊ မြင်းခြံမြို့နယ်တွေအထိ စစ်ကောင်စီကို အနီးကပ်ဖိအားပေးတိုက်ခိုက်ဖို့ ကြိုးစားနေတာပါ။

မန္တလေးမြို့ ပတ်ခြာလည်မှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ချောင်းဦး၊ ရွှေဘို၊ ပုလဲမြို့နယ်တွေအားလုံးမှာ PDF တွေအားကောင်းနေပြီး၊ မကွေးတိုင်း ပခုက္ကူခရိုင်ထဲက  မြိုင်နဲ့ပေါက်မြို့နယ်တွေမှာလည်း PDF တွေ အားကောင်းနေပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013