DVB Logo
Home
နိုင်ငံတကာ
အီတလီအစိုးရက လူငယ်များကို ပစ်မှတ်ထားသည့် လုံခြုံရေးအစီအမံများ ထုတ်ပြန်
DVB
·
October 21, 2026
Photo: REUTERS/Daniele Mascolo
Photo: REUTERS/Daniele Mascolo
Donate to DVB

အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဖောက်ထွင်းလုယက်မှုတွေ အပြီးမှာ အီတလီအစိုးရက လူငယ်တွေကို ပစ်မှတ်ထားတဲ့ လုံခြုံရေးအစီအမံအသစ်တွေကို အောက်တိုဘာ ၂၀ ရက်မှာ အတည်ပြုမိန့် ထုတ်ပြန်ခဲ့သလို မီလန်မြို့လယ်ရှိ ဒူမိုရင်ပြင်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေ အများအပြားကို လုံခြုံရေး အထူးတင်းကျပ်စွာ ချထားပါတယ်။

ဒီလိုတင်းကျပ်တဲ့ ဥပဒေအသစ်အရ အသက် ၁၈ နှစ်အောက် လူငယ်တွေဟာ ပြစ်မှုတခုခု ကျူးလွန်ထားခြင်း မရှိသေးရင်တောင်မှ အန္တရာယ်ရှိတယ်ဆိုတဲ့ သက်သေအထောက်အထား ရှိနေမယ်ဆိုရင် ရဲစခန်းတွေမှာ ၁၂ နာရီအထိ ထိန်းသိမ်းခံရနိုင်တယ်လို့ ဒုတိယဝန်ကြီးချုပ် မတ်တီယို ဆာလ်ဗီနီက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေနဲ့ စတင်ခဲ့ရာကနေ လူအုပ်စုလိုက် ခေါင်းစွပ်တွေစွပ်ထားတဲ့ ဆန္ဒပြသူ အများအပြားက မီလန်မြို့နဲ့ တခြားမြို့တွေရဲ့ မြို့လယ်ကောင်မှာ အမှိုက်ပုံးတွေကို မီးရှို့တာနဲ့ ဆိုင်တွေကို ဖောက်ထွင်းလုယက်တာတွေ လုပ်ခဲ့ကြပါတယ်။

လာမဲ့ အောက်တိုဘာ ၂၄ ရက်မှာ လုပ်မဲ့ ဆန္ဒပြပွဲတွေမှာ ဆူပူမှုတွေ ထပ်ဖြစ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြတဲ့အတွက် ရောမမြို့က စစ်တပ်အင်အား ၅၀၀ ကို မီလန်မြို့ဆီ ထပ်မံစေလွှတ်သွားမှာ ဖြစ်ပါတယ်။

ဒီလိုမငြိမ်မသက်မှုတွေဟာ အိမ်နီးချင်း ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပုံစံတူနေတာပါ‌။

ပြင်သစ်နိုင်ငံမှာ လူပေါင်း သိန်းနဲ့ချီ လမ်းမတွေပေါ် ထွက်လာခဲ့ကြပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်း ဖြစ်ပွားခဲ့သမျှ အကြမ်းဖက်မှု အပြင်းထန်ဆုံး ဆန္ဒပြပွဲတချို့ ဖြစ်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013