
အာဖဂန်နစ္စတန်က သားဖွားဆရာမလောင်းတွေနဲ့ သူနာပြုလောင်းတွေ နောက်နေ့ သင်တန်းလာတက်ဖို့ မလိုတော့ဘူးလို့ အမိန့်ထုတ်ပြန်ခံရကြောင်း ဆိုပါတယ်။
ဒါဟာ အာဖဂန်မှာ အမျိုးသမီးတွေ ပညာဆက်လက်သင်ယူနိုင်တဲ့ နောက်ဆုံးလမ်းကြောင်းကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်တဝန်းက သင်တန်းကျောင်း ၅ ခုကိုလည်း နောက်ထပ်အမိန့်မထုတ်မချင်း ပိတ်ထားဖို့ တာလီဘန်တွေက ညွှန်ကြားထားတယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။
အွန်လိုင်းပေါ်က ဗီဒီယိုတွေထဲမှာ သင်တန်းသူတွေ ငိုကြွေးနေတာကို တွေ့ရပါတယ်။
တာလီဘန်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနဆီက တရားဝင်အတည်ပြုချက် မရသေးပေမဲ့ ဒီအမိန့်ဟာ ၂၀၂၁ ကြသဂုတ်လကတည်းက အထက်တန်းနဲ့ တက္ကသိုလ်ပညာရေးကနေ အမျိုးသမီးတွေကို ပိတ်ပင်ထားတဲ့ မူဝါဒအတိုင်းပဲ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းကို “အစ္စလာမ်ဘာသာနဲ့အညီ” ပြုပြင်ပြီးရင် ကျောင်းတွေပြန်ဖွင့်မယ်လို့ တာလီဘန်တွေက အကြိမ်ကြိမ် ကတိပေးခဲ့ပေမဲ့ မဖြစ်လာသေးပါဘူး။
တာလီဘန်အစိုးရလက်အောက်မှာ အမျိုးသမီးတွေ လုပ်ကိုင်နိုင်တဲ့ အလုပ်အနည်းငယ်ထဲက သူနာပြုနဲ့ သားဖွားဆရာမအလုပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
အထူးသဖြင့် အမျိုးသားဆရာဝန်တွေက အမျိုးသားအုပ်ထိန်းသူ မပါဘဲ အမျိုးသမီးလူနာတွေကို ကုသခွင့်မရှိလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုအရ သားဖွားဆရာမ ၁၈,၀၀၀ လောက် လိုအပ်နေတဲ့ အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ မီးဖွားမိခင် သေဆုံးနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပြီး ကလေးမွေးဖွားမှု တသိန်းမှာ မိခင် အယောက် ၆၂၀ သေဆုံးနေတယ်လို့ သိရပါတယ်။
Source : Reuters










