DVB Logo
Home
နိုင်ငံတကာ
ကျူးဘားတွင် လျှပ်စစ်ဓာတ်အားလိုင်းစနစ် ချွတ်ယွင်းပြီး လူသန်းချီ အခက်တွေ့
DVB
·
December 5, 2024
ကျူးဘားတွင် လျှပ်စစ်ဓာတ်အားလိုင်းစနစ် ချွတ်ယွင်းပြီး လူသန်းချီ အခက်တွေ့
Donate to DVB

ကျူးဘားနိုင်ငံရဲ့ အကြီးဆုံး ဓာတ်အားပေးစက်ရုံ မလည်ပတ်နိုင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက် မနက်အစောပိုင်းမှာ ကျူးဘားရဲ့ နိုင်ငံ့လျှပ်စစ်စနစ် ချွတ်ယွင်းသွားခဲ့ကြောင်း အစိုးရက ပြောကြားလိုက်ပြီး နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း သန်းနဲ့ချီ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပြတ်တောက်သွားခဲ့ရပါတယ်။

ဒါဟာ လောင်စာဆီပြတ်လပ်မှု၊ သဘာဝဘေးအန္တရာယ်နဲ့ စီးပွားရေးအကျပ်အတည်းတွေ ကြုံနေရတဲ့အကြား ကျူးဘားကျွန်းရဲ့ ဓာတ်အားလိုင်းကွန်ရက်က ဝရုန်းသုန်းကား ဖြစ်သွားတာကြောင့် ဒီလို အဆင်မပြေမှုပေါင်း များစွာထဲက နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။

ကျူးဘားရဲ့ လောင်စာဆီသုံး ဓာတ်အားပေးစက်ရုံတွေဟာ အိုဟောင်းနေပြီဖြစ်တာကြောင့် မီးဖွင့်ဖို့ကိုတောင် ရုန်းကန်နေရပြီး ဗင်နီဇွဲလား၊ ရုရှားနဲ့ မက္ကဆီကို နိုင်ငံတို့မှလည်း ရေနံတင်သွင်းမှု လျော့နည်းလာတာကြောင့် အခုနှစ်မှာ အကျပ်အတည်း အပြည့်အဝ ဖြစ်လာခဲ့ရကာ ၂ လတာ အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အများအပြား မီးပျက်သွားခဲ့ရတာပါ။

မတန်းဇာ့စ်မြို့ကြီးရှိ ကျူးဘားကျွန်းရဲ့ ထိပ်တန်းလျှပ်စစ်ထုတ်လုပ်သူ အန်တိုနီယို ဂီတဲရာ့စ် ဓာတ်အားပေးစက်ရုံဟာ မနက် ၂ နာရီဝန်းကျင်မှာ ပိတ်ကျသွားခဲ့ပြီး ဓာတ်အားလိုင်းကွန်ရက် ပြတ်သွားခဲ့တာလို့ နိုင်ငံရဲ့ စွမ်းအင်နဲ့ မိုင်းတွင်းဝန်ကြီးဌာနက ပြောပါတယ်။

အာဏာပိုင်တွေဟာ မတန်းဇာ့စ် ဓာတ်အားပေးစက်ရုံမှာ စနစ်ကို ပြန်လည်ချိတ်ဆက်ဖို့ လုပ်ဆောင်နေကြောင်း နိုင်ငံရဲ့ စွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီး ဗင်ဆင့်တေး ဒယ်လာအိုက ပြောကြားခဲ့ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပြီးရင် ဒီဇင်ဘာ ၅ ရက်မှာ အပြည့်အဝ ပြန်ကောင်းလာဖို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။

အရေးပေါ်အခြေအနေကာလအတွင်း အခြေခံဝန်ဆောင်မှုပေးရသူတွေကလွဲလို့ အလုပ်အကိုင်နဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်လို့ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး မာတာ အလဲနား ‌ဖေတိုက ပြောပါတယ်။

ဟာဗားနားမြို့ခံတွေကတော့ လျှပ်စစ်မီးမရတာကြောင့် အလုပ်အကိုင်နဲ့ လူနေမှုကိစ္စတွေမှာ အခက်အခဲဖြစ်နေရပြီး ဒါတွေဟာ အမေရိကန် စီးပွားရေးပိတ်ဆို့ခြင်းကြောင့် ဖြစ်တယ်လို့ ဝေဖန်ပြစ်တင်နေကြပါတယ်။

အမေရိကန်ဟာ ကျူးဘားပြည်သူတွေ လိုအပ်တာမှန်သမျှ ပံ့ပိုးပေးမယ့် တခြားဘယ်သင်္ဘောကိုမှ ကျူးဘားထဲ ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013