DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်တပ်ဖမ်းဆီးထားသည့် ရွာသား ၄၀ ကျော်ကို ရှေ့တန်းပို့
DVB
·
December 5, 2024
ဖယ်ခုံတွင် စစ်တပ်ဖမ်းဆီးထားသည့် ရွာသား ၄၀ ကျော်ကို ရှေ့တန်းပို့
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ရွာနဲ့ ကုန်းဆုံရွာကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသားတွေထဲက အယောက် ၄၀ ကျော်ကို စစ်ကောင်စီတပ်က ရှေ့တန်းတနေရာကို ပို့လိုက်ပြီး အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကစပြီး တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံနဲ့ စစ်ရှောင်ပြည်သူ ၂၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် နိုဝင်ဘာ ၂၀ ရက်က အမျိုးသမီး ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားတွေကိုတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တယောက်က “ရှေ့တန်းပို့ခံရတဲ့ လူအယောက် ၄၀ နဲ့က အခုချိန်ထိ အဆက်အသွယ် မရသေးဘူး။ ၃ ရက်ရှိပြီ အဆက်အသွယ်မရတာ။ ကျန်တဲ့သူတွေက ပင်လောင်းမှာပဲ ရှိသေးတယ်။ သူတို့ကိုလည်း ဘယ်ကိုပို့မှာလဲ မသိဘူး။ အိုကြီးအိုမတွေနဲ့ တိုက်ပွဲမှာ သေကြဦးမယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား စုစုပေါင်း အ‌ယောက် ၁၃၀ ကျော်ရှိပြီး အယောက် ၄၀ ကျော်ကို ရှေ့တန်းတနေရာကို ခေါ်ဆောင်သွားတယ်လို့ သိရပေမဲ့ ဘယ်မြို့နယ်ကတိုက်ပွဲရဲ့ ရှေ့တန်းကို ခေါ်ဆောင်သွားတယ်ဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အသက်အကြီးအငယ်မရွေးဘဲ အမျိုးသားဖြစ်တာနဲ့ ခေါ်ဆောင်ကာ ရှေ့တန်းတိုက်ပွဲတွေမှာ စေလွှတ်နေတာကြောင့် ပေါ်တာဆွဲခံရသူတွေနဲ့ မဲနှိုက်ခံရသူတွေက ရှေ့တန်းမှာ သေဆုံးမှု များပြားနေတယ်လို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေကတဆင့် သိရပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားက လူငယ်လူရွယ် အမျိုးသားတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေအပြင် ပေါ်တာဆွဲတာတွေကိုလည်း တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတာကြောင့် အမျိုးသား ၂၀,၀၀၀ ကျော်အထိ ဖမ်းဆီးခံရကာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၇ အထိ ရှိနေပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013