DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်ထဲကို စစ်တပ်စစ်ကြောင်းများ  အင်အားအလုံးအရင်း ထပ်မံဝင်​ရောက်လာ
DVB
·
June 10, 2026
Photo: ယောအလင်းတန်း 
Photo: ယောအလင်းတန်း 
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်ထဲကို ဇွန် ၉ ရက် မနက်ပိုင်းမှာ စစ်အာဏာရှင် တပ်စစ်ကြောင်းတွေ အင်အား အလုံးအရင်းနဲ့ ထပ်မံဝင်​ရောက်လာတာကြောင့် ဒေသခံတွေကို ကြိုတင် သတိပေး ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့​ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ကြီးက “စစ်တပ်စစ်ကြောင်းတွေက လောင်းရှည်ဘက်ကနေ ဆောနယ်ထဲကို ဆော-လောင်းရှည်လမ်းအတိုင်း စစ်ကြောင်း ၂ ခုခွဲပြီးဝင် လာနေတယ်။ ပထမရှေ့ပွိုင့်စစ်ကြောင်းမှာက ခိုးလာတဲ့ဆိုင်ကယ်တွေနဲ့ ဘေးတွဲဆိုင်ကယ်တွေ သုံးပြီး အင်အား ၁၀၀ လောက်ပါတယ်။ ဒုတိယစစ်ကြောင်းကလည်း လောင်းရှည်ကနေပဲ ချောဆွဲ လာတဲ့ ဖောကား ၄ စီး၊ ကားသေး ၄ စီးနဲ့ ခန့်မှန်းအင်အား ၃၀၀ လောက်ပါလာတယ်” လို့ ပြောပါတယ်။

ဆော-လောင်းရှည်လမ်းပိုင်းပေါ်က တောင်ဘို့ကြီး၊ သီးကုန်းကျေးရွာတွေနဲ့ အနီးအနား ကျေးရွာတွေ က ပြည်သူတွေအနေနဲ့သတိနဲ့ထိုင်ကြဖို့အပြင် ဒေသခံတွေအနေနဲ့ အဆိုပါလမ်းပိုင်းကို ယာယီ ရှောင်ရှား သွားလာကြဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။

ဆောမြို့နယ် ပကဖ တာဝန်ခံက “ဆောမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ ၂ ရက်နေ့ကတည်းက ကန်ပက်လက် ဘက်ကနေ အင်အား ၁၅၀ ဝန်းကျင်လောက်နဲ့ ပြန်ဆင်းလာတဲ့စစ်ကြောင်းက ဆောမြို့ပေါ်မှာ အဖွဲ့​ ၄ ဖွဲ့ခွဲအထိုင်ချပြီး စစ်ရှောင်ပြည်သူတွေရဲ့ လူမရှိကြတဲ့အိမ်တွေထဲကိုဖေါက်ထွင်းပစ္စည်းတွေခိုးရင်းနဲ့ အခု လောင်းရှည်ဘက်က ဆင်းလာတဲ့အဖွဲ့တွေကိုစောင့်နေကြတာဖြစ်နိုင်တယ်။ အရင်အင်အား ၁၅၀ လောက်ရယ် အခုလာကြတဲ့ အင်အား ၄၀၀ လောက်နဲ့ပေါင်းပြီး သူတို့ရဲ့ ရက် ၁၀၀ စီမံချက် အရ ဆောမြို့နယ်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် အင်အားတွေအလုံးအရင်းပေါင်းပြီး ရွာတွေ ဘက်ကို စစ်ကြောင်းတွေထိုးနိုင်တယ်လို့ ယူဆရတယ်”လို့ ပြောပါတယ်။

ဇွန် ၄ ရက်၊ မနက်ပိုင်းမှာလည်း စစ်တပ်လက်အောက်ခံ မကွေးလေတပ်ကနေတက်လာတဲ့ Y12 လေယာဉ်နဲ့ ဆောမြို့ပေါ်ကို ထောက်ပံ့ရေးအထုပ် ၂၄ ထုတ်ကို ၁၀ ကြိမ်ထက်မနည်း ချထားပေး ခဲ့တယ်လို့  သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လ တတိယပတ်အတွင်း ဆောမြို့နယ်ထဲကို စစ်တပ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်စဥ် ကလည်း တပြင်းကျေးရွာက ကျောင်းထိုင်ဆရာတော် တပါး၊ အထက်တန်းပြ ရူပဗေဒ ဘာသာရပ်သင် CDM ကျောင်းဆရာ ဦးမျိုးမင်းကျော်၊ အမျိုးသား ၂ ယောက်၊ အမျိုးသမီး တယောက်တို့အပြင် ရွာသာကျေးရွာသား တယောက်တို့ကို အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ ပါသေးတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013