DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ၄ နှစ်အရွယ်မိန်းကလေး ကားထဲပိတ်မိပြီး သေဆုံး
DVB
·
April 29, 2026
Photo: Thairath
Photo: Thairath
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း၊ ခွန်ကဲန်ခရိုင်ထဲမှာ ဧပြီ ၂၈ ရက်က အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် အိမ်စီးကားထဲ ပိတ်မိပြီး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မိန်းကလေးငယ်ဟာ အဘွားဖြစ်သူနဲ့ နေထိုင်ပြီး အသက် ၃၄ နှစ်ရွယ် မိခင်က တခြားမှာ အလုပ်သွားလုပ်တယ်၊  မနေ့မနက်က မိခင် အိမ်ပြန်လာတော့ သမီးက အပြင်မှာ ထွက်လည်ချင်တယ်လို့ အမေဖြစ်သူကို ပူဆာပါတယ်၊ အမေကလည်း လောလောဆယ် ခရီးပန်းလာလို့ နားလိုက်ဦးမယ်၊ နေ့ခင်းကျမှ လိုက်ပို့မယ်လို့ ပြောလိုက်ပါတယ်။

မိခင်ဖြစ်သူက အိမ်ထဲမှာ အနားယူရင်း အိပ်မောကျသွားချိန်မှာ သမီးက ကစားစရာနဲ့ အဝတ်တွေ ယူပြီး ကားထဲဝင်သွားတာကို စီစီတီဗီကင်မရာကနေ ပြန်လည်စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ မိခင် တရေးနိုးလာတော့ သမီးကို ရှာမတွေ့ဘူး၊ အဘွားဖြစ်သူကလည်း မြေးမလေး ဘယ်ထွက်သွားလဲ ဆိုတာ မသိဘူး၊ ဒါကြောင့် နေရာအနှံ့ လိုက်လံရှာဖွေကြပါတယ်။

မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကားတံခါးကို သွားဖွင့်ကြည့်ရာမှာတော့ သေဆုံးနေတဲ့ သမီးငယ်ကို ပြန်တွေ့ပါတယ်။

မိခင်ဖြစ်သူက ငိုယိုပြီး အဲဒီကားကို ပြောင်းပြီးသုံးတာ မကြာသေးဘူး၊ အရင်ကားအဟောင်းမှာ ကားတံခါးခလုတ် ဘယ်လိုဖွင့်ရမလဲဆိုတာ ကလေးကို ပြထားဖူးတယ်၊ ဒီကားသစ်က ဖွင့်နည်း မပြရသေးဘူး၊ ကလေးဟာ ကားတံခါးမဖွင့်တတ်တာရော ရာသီဥတုလည်း ပူပြင်းတာကြောင့်  အထဲမှာ အသက်ရှူကျပ်ပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူကို ပြောပါတယ်။

တာဝန်ရှိသူတွေက ကလေးအလောင်းကို ဓာတ်ခွဲစစ်ဆေးဖို့ ဆီနတ်ခလင်းဆေးရုံကို ခေါ်ဆောင်သွားပါတယ်။

အိမ်မှာ ကလေးရှိသူ အုပ်ထိန်းသူတွေအနေနဲ့ မိမိကလေးကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ ကားရပ်နားစဉ်မှာလည်း အမြဲလို လော့ခ်ချထားဖို့ လိုအပ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

Source: Thairath News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013