DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က တရက်တည်း ဒေါ်လာ ၃၈ သန်း၊ ယွမ် ၁ သန်းခွဲနှင့် ဘတ် ၁၀၇ သန်း ထုတ်ရောင်း
DVB
·
December 4, 2024
ဗဟိုဘဏ်က တရက်တည်း ဒေါ်လာ ၃၈ သန်း၊ ယွမ် ၁ သန်းခွဲနှင့် ဘတ် ၁၀၇ သန်း ထုတ်ရောင်း
Donate to DVB

ဒေါ်လာတွေ ဆက်တိုက် ထုတ်ရောင်းပြီး ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ဒီဇင်ဘာ ၂ ရက် တရက်တည်းမှာပဲ အမေရိကန်ဒေါ်လာ ၃၈ သန်း၊ တရုတ်ယွမ် ၁ဒသမ၅ သန်း၊ ထိုင်းဘတ် ၁၀၇ သန်းစီ ထုတ်ရောင်းခဲ့ပါတယ်။

အမေရိကန်တဒေါ်လာ ၃၅၈၅ ကျပ်၊ တရုတ်တယွမ် ၅၃၃ဒသမ၆ ကျပ်၊ ထိုင်းတဘတ်ကို ၁၂၉ ကျပ်နဲ့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်း ပလက်ဖောင်းကနေ ထုတ်ရောင်းခဲ့တာပါ။

ပြင်ပဈေးကွက်မှာတော့ တဒေါ်လာ ၄၃၅၀-၄၄၅၀ ကျပ်၊ တယွမ် ၅၉၇-၆၁၃ကျပ်၊ တဘတ် ၁၂၆-၁၃၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ ဒါကြောင့် ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်ဟာ တဒေါ်လာ ကျပ် ၁၀၀၀ အောက် ကျလာပါတယ်။ ပြီးခဲ့ဩဂုတ်လတုန်းက ဒေါ်လာဈေး ခုန်တက်ပြီး တဒေါ်လာ ၇၀၀၀ အထိ ရောက်လာစဉ်က ဗဟိုဘဏ်ပေါက်ဈေးနဲ့ ပြင်ပဈေးဟာ တဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်အထိ ကွာခြားမှု ရှိခဲ့ပါတယ်။

“အခု လက်ရှိအနေအထား အရတော့ ဒေါ်လာဈေးက ငြိမ်နေဦးမယ်ထင်တယ်။ ဒီရက်ပိုင်း နည်းနည်းတောင် ကျရိပ်ပြသလိုရှိနေတယ်။ အရင်အပတ်ကနဲ့ ယှဉ်ရင် တဒေါ်လာ ၅၀ (ကျပ်)လောက် ကျသွားတယ်” လို့ ရန်ကုန်မြို့ရှိ ငွေလဲကောင်တာ လုပ်ငန်းရှင်တယောက်က  ပြောပါတယ်။

နိုဝင်ဘာ နောက်ဆုံးအပတ်မှာ ဒေါ်လာဈေးဟာ တဒေါ်လာ ၄၄၀၀-၄၅၀၀ ဝန်းကျင်ရှိခဲ့ပြီး ဒီဇင်ဘာ ၃ ရက်မှာတော့ ဒေါ်လာဈေးဟာ တဒေါ်လာ ၄၃၅၀-၄၄၅၀ ဝန်းကျင် ရှိနေပါတယ်။

အခုလို ဒေါ်လာဈေး အကျဘက်မှာ ငြိမ်နေပေမဲ့ ဒေါ်လာဈေး မြင့်တက်မှုနဲ့အတူ ခုန်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေဟာ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးမှာပဲ ရှိနေဆဲပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013