DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁ ဦးသေဆုံး
DVB
·
December 3, 2024
ဖယ်ခုံတွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ဆိုင်ခွန်ကျေးရွာထဲကို ဒီနေ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးအလုံး ၄၀ လောက် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် အရုဏ်ဦး ၃ နာရီကျော်ကနေစပြီး တကြိမ်ကို ဗုံး ၆ ကြိမ် အနည်းဆုံးကြဲနိုင်တဲ့ လေယာဥ်အ​ပြင် Y12 လေယာဥ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “နွားကျောင်းသားတယောက် ထိသွားတာ၊ ခေါင်းကိုထိသွားတာဆိုတော့ အသက်မမီလိုက်ဘူး။ ထိခိုက်မိတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် နွားကျောင်းသား သေဆုံးခဲ့ရပြီး ထိခိုက်သူ ၃ ယောက် ရှိတဲ့အပြင် တိရစ္ဆာန်တွေသေဆုံးရတာနဲ့ အနီးပတ်ဝန်းကျင်က စစ်ရှောင်စခန်း ထိခိုက်မှုတချို့ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေတည်ရှိရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေက လေယာဥ်သံကြားရုံနဲ့ ထိတ်လန့်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း ဖယ်ခုံမြို့နယ်အနောက်ခြမ်းက စစ်ရှောင်စခန်းရှိရာနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသမီး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေအပြင် နေအိမ်တွေအများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013