DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များအား ကချင်ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်
DVB
·
December 3, 2024
မကွေးတိုင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များအား ကချင်ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်
Donate to DVB

မကွေးတိုင်းထဲက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို မကွေးလေတပ်ကတဆင့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရှေ့တန်းကို ပို့ဆောင်လိုက်တယ်လို့ စစ်မှုထမ်းမိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေကို နိုဝင်ဘာ ၂၉ ရက်မှာ တကြိမ်နဲ့ နိုဝင်ဘာ ၃၀ ရက်မှာ တကြိမ် Y 12 လေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့တန်းပို့ဆောင်ခံလိုက်ရသူတွေဟာ အောင်လံ၊ သရက်၊ ကံမ၊ ဆင်ပေါင်ဝဲ စတဲ့မြို့တွေကနေ ဖမ်းဆီးခံထားရပြီး မင်းလှအမြောက်တပ်မှာ စစ်သင်တန်းတက်ခဲ့ရပြီးနောက် မကွေးလေတပ်ကတဆင့် ဗန်းမော်မြို့ကို ပို့ဆောင်လိုက်တာလို့ သိရပါတယ်။

ရှေ့တန်းအပို့ခံရတဲ့ စစ်မှုထမ်းမိသားစုနဲ့ နီးစပ်သူတယောက်က “မင်းလှကနေ သင်တန်းဆင်းပြီး မကွေးလေတပ်ဌာနချုပ်မှာ ခနထားပြီးမှ သူတို့ကို ဗန်းမော်ကိုပို့လိုက်တာ၊ ပို့မယ်ဆိုတာလည်း သူတို့ကို ကြိုအသိမပေးဘူး။ မိသားစုဝင်တွေကိုလည်း အကြောင်းမကြားဘူး။ သွားရမယ့်အထဲက တယောက် ဖုန်းဆက်ပြောလို့ အိမ်ကလူတွေ သိရတာ။ သေနတ် အရှည်တလက် အတိုတလက် ပေးထားတယ်။ စစ်သုံးပစ္စည်းအပြည့်အစုံ ဗုံးသီးတွေ၊ ကျည်တွေ ရိက္ခာအပြည့်အစုံနဲ့ လွှတ်လိုက်တာ။ Y12 လေယာဉ်နဲ့ ၂ ခါခွဲပို့တာ လူဦးရေကတော့ များတယ်။ ဗန်းမော်မှာ ဖုန်းလိုင်းမရတော့ အခုထိ အဆက်အသွယ်လုပ်လို့ မရသေးဘူး” လို့ ပြောပါတယ်။

ဗန်းမော်ရှေ့တန်းကို ပို့ဆောင်ခံရတဲ့ တပ်သားသစ်တွေဟာ စစ်မှုထမ်းအပတ်စဉ် ၂ နဲ့ အပတ်စဉ် ၃ သင်တန်းဆင်းလူငယ်တွေ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013