DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ ပူးပေါင်းတပ်က တပ်သားသစ် အဓမ္မစုဆောင်းနေ
DVB
·
December 2, 2024
ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ ပူးပေါင်းတပ်က တပ်သားသစ် အဓမ္မစုဆောင်းနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ်တို့က အရပ်သားတွေကို တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းနေတယ်လို့ ဟုမ္မလင်း ဒေသခံတွေထံကနေ သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက်ကစပြီး ဒီဇင်ဘာ ၂ ရက်‌အထိ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေက ပြည်သူတွေကို တပ်သားအဖြစ် စုဆောင်းနေတာလို့ သိရပါတယ်။

နောင်ပိုအောင်ရွာသားတယောက်က “သူတို့က ကျနော်တို့ အရပ်သားတွေကို တပ်သားအသစ်စုနေတာ။ နောက်ပြီး ပိုက်ဆံတွေလည်း တောင်းတယ်။ တပ်သားသစ်စုဆောင်းတာက တအိမ်ကို ၃ ယောက် လိုက်ရမယ်။ အဲဒီ ၃ ယောက်က အမျိုးသမီးရော၊ အမျိုးသားရော အကုန်ခေါ်တာဗျ။ လူငယ် လူရွယ်မရှိတဲ့ အဘိုးအို၊ အဘွားအိုပဲ ရှိတဲ့အိမ်တွေကျ‌တော့ ငွေတောင်းတယ်။ သူတို့ အစည်းအဝေးမှာကျ လူမပေးနိုင်လည်း တအိမ်ကို တသိန်းပေးဖို့ ပြောပြီး လာတောင်းတော့ ၂ သိန်းတောင်းတယ်၊ အခုဆို ၃ သိန်းတောင်းတဲ့ အိမ်တွေမှာလည်း စကားအချေအတင် ဖြစ်ကြတာတွေရှိတယ်၊ လုပ်ငန်းရှင်ဆို ၇ သိန်း၊ အသင့်အတင့် အဆင်ပြေတဲ့ အိမ်တွေဆို ၅ သိန်းနဲ့ အနိမ့်ဆုံး အိမ်ငယ်တွေကို ၂ သိန်း၊ ၃ သိန်း တောင်းကြတယ်။ အခုလိုလုပ်တာက ကျနော်တို့ ဟုမ္မလင်းတနယ်လုံးကို လုပ်နေတာ” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က တပ်သားအနည်းငယ်သာရှိပြီး ရှမ်းနီတပ်က အများအပြားရှိကာ ဒေသခံပြည်သူတွေအပေါ် အခုလို အနိုင်ကျင့်တာတွေ နေ့စဉ် ပြုလုပ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတခုနေ ဒေသခံ အဘိုးတယောက်က “ငါတို့ ဟုမ္မလင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကိုတော့ ရှမ်းနီတပ်နဲ့ စစ်ကောင်စီတပ်တွေ မီးရှို့လို့ အားလုံးနီးပါး ကုန်နေပြီ။ အခုလည်း အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ်တွေပါမကျန် အကုန်ဖမ်းပြီး တပ်သားသစ် စုဆောင်းနေတယ်။ အဆိုးဆုံးကတော့ SNA ရှမ်းနီတပ်ကကောင်တွေက ပိုဆိုးသေးတယ်။ ငါတို့ဒေသခံတွေကတော့ ရှမ်းနီကြောက်ရ၊ စစ်တပ်ကြောက်ရ၊ PDF ကြောက်ရနဲ့ ဒီခေတ်ပျက်ကြီးကို စိတ်ကုန်လာတယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ရွှေတွင်းရွာနဲ့ စိုင်းပန်ရွာအနီးက SNA ရှမ်းနီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က နိုဝင်ဘာ ၁၄ ရက်မှာ စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ ၁၉ ရက် မနက်ခင်းမှာ စခန်းသိမ်းနိုင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013