DVB Logo
Home
နိုင်ငံတကာ
အနောက်ဘက်ကမ်းတွင် အစ္စရေး ဝင်ရောက်စီးနင်းမှုကြောင့် ၄ ဦးထက်မနည်းသေဆုံး
DVB
·
December 2, 2024
အနောက်ဘက်ကမ်းတွင် အစ္စရေး ဝင်ရောက်စီးနင်းမှုကြောင့် ၄ ဦးထက်မနည်းသေဆုံး
Donate to DVB

အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသ ဂျနင်းမြို့နားမှာ အစ္စရေးက ဝင်စီးနင်းလို့ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။

အသတ်ခံရသူတွေ ဘယ်သူဘယ်ဝါဆိုတာကို ချက်ချင်း မဖော်ထုတ်နိုင်သေးဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။

အခင်းဖြစ်ရာနေရာမှာ ပျက်စီးနေတဲ့ ပြတင်းပေါက်တွေနဲ့ သွေးစွန်းနေတဲ့ ကားတွေကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံထဲမှာ ပြထားပါတယ်။

ဂျနင်းဧရိယာထဲက အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားတဲ့လူတွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၁ ရက်မှာ အတည်ပြုခဲ့ပြီး နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ထပ်ကြေညာမယ်လို့ ဆိုပါတယ်။

ဂါဇာစစ်ပွဲ စတင်ကတည်းက အနောက်ဘက်ကမ်းဒေသမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ထောင်နဲ့ချီတဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေ၊ ပုံမှန်ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ပါလက်စတိုင်း သေဆုံးသူဦးရေဟာ ၄၄,၃၈၂ ယောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက နိုဝင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စုစုပေါင်း ဒဏ်ရာရသူ အရေအတွက်က ၁၀၅,၁၄၂ ယောက်အထိ ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂါဇာတောင်ပိုင်းက ခန်းယူးနစ်မြို့မှာ အမေရိကန်အခြေစိုက် စားနပ်ရိက္ခာပရဟိတအဖွဲ့ World Central Kitchen (WCK) က ဝန်ထမ်း ၃ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က ဖော်ပြခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကတော့ အဲဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ်ဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်သူဖြစ်ပြီး လက်ရှိမှာ WCK က ဝန်ထမ်းတ‌ယောက် ဖြစ်နေတယ်လို့ နိုဝင်ဘာ ၃၀ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ လူထုအတွက် စားနပ်ရိက္ခာဝေမျှရာ မီးဖိုချောင်တွေကို စီမံကွပ်ကဲတဲ့ WCK ပရဟိတအဖွဲ့က တိုက်ခိုက်မှုအပြီးမှာ ဂါဇာက သူတို့ရဲ့လုပ်ငန်းတွေကို ခဏရပ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013