DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် တရားရေးဌာနက ၁ နှစ်အတွင်း အမှုပေါင်း ၈၀ ခန့်ကို လက်ခံဆောင်ရွက်ခဲ့
DVB
·
December 1, 2024
ကရင်နီပြည် တရားရေးဌာနက ၁ နှစ်အတွင်း အမှုပေါင်း ၈၀ ခန့်ကို လက်ခံဆောင်ရွက်ခဲ့
Donate to DVB

ကရင်နီပြည်ရဲ့ တရားရေးဌာနက တနှစ်အတွင်းမှာ အမှုပေါင်း ၈၀ လောက်ကို လက်ခံဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အမှုက အများဆုံးဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။

တရားရေးဌာနရဲ့ ၁ နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး  ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားရေးဌာနကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီ တနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာ ဥပဒေအရ စွဲဆိုတဲ့အမှုပေါင်း ၄၁ မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရစွဲဆိုတာ အမှု ၂၀၊ တခြားအမှု ၇ မှု၊ ရာဇတ်အထွေထွေအမှု ၅ မှု၊ လူသတ်မှု ၂ မှုနဲ့ မတရားအသက် အက်ဥပဒေအရ စွဲဆိုတာက ၁ မှုရှိခဲ့ပါတယ်။

ဒီထဲမှာ မတရားအသင်းနဲ့ပတ်သက်တဲ့ ၁ မှုကတော့ ပြီးပြတ်သွားပြီဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အမှု ၃၁ မှုအပါအဝင် ၄၅ မှုကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ကစလို့ အကျဉ်းထောင်ကို စတင်တည်ထောင်ခဲ့ပြီး အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ နောက်ထပ်အကျဉ်းထောင်တခုကိုလည်း ထပ်တည်ထောင်ခဲ့ပြီး တရားခံတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအပေါ် နောင်တရပြီး ပြန်လည်ပြင်ဆင်နိုင်ဖို့၊ ထပ်ပြီး အပြစ်မကျူးလွန်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ တည်ထောင်တာလို့လည်း ဆိုပါတယ်။

IEC က ၂၀၂၄ ခုနှစ် မေလမှာ အကျဉ်းကျခံနေသူတွေထဲက ၅ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သလို ဇွန်လမှာလည်း ၁၂ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ၁၀၅ ယောက်ကိုတော့ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တရားရေးဌာနအနေနဲ့ ဒီ ၁ နှစ်အတွင်းမှာ ပြည်သူလူထုနဲ့တွေ့ဆုံပြီး ဥပဒေအသိပညာပေးတာ၊ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တာ၊ NUG တရားရေးဌာနရဲ့ ဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့ လုပ်ငန်းညှိနှိုင်းတာ၊ သင်တန်းတွေပေးတာ၊ အကျဉ်းထောင်နဲ့ ရဲဌာနကို စစ်ဆေးတာ၊ ဥပဒေ၊ နည်းဥပဒေနဲ့ မူဝါဒတွေကိုစိစစ်တာ စတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရားရေးဌာနရဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကြီးမားတာ၊ လုံခြုံရေးစိန်ခေါ်မှု ကြီးမားတာတို့ကြောင့် လိုအပ်ချက်တွေ အများကြီးရှိနေပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုရဲ့ ဥပဒေပါ အခွင့်အရေးတွေရရှိရေးကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

IEC ကလည်း ၂၀၂၄ ခုနှစ်၊ တတိယ ၃ လပတ်အတွင်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဌာနက ရရှိလာတဲ့ ဗဟိုဘဏ္ဍာငွေကနေ ၁၂ ရာနှုန်းကျော်ကို တရားရေးဌာနအတွက် သုံးစွဲခဲ့ပြီး ဒါဟာ ၃၅ ရာခိုင်နှုန်းကျော်သုံးစွဲခွင့်ရတဲ့ ပြည်ထဲရေးဌာနပြီးရင် ဒုတိယအများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013