
အက်စတိန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းပေါင်း ၁ သန်းကျော် ထပ်မံတွေ့ရှိခဲ့ပြီး ပြန်လည်စိစစ်သွားမှာဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။
အဲဒီဖိုင်အသစ်တွေထဲမှာ ပါဝင်တဲ့ နစ်နာသူတွေကို ကာကွယ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ ထုတ်ပြန်မှာဖြစ်ကြောင်း အမေရိကန်တရားရေးဌာနက ပြောပါတယ်။
အက်စတိန်းရဲ့ဖိုင်တွေ ထုတ်ပြန်ဖို့ ပြီးခဲ့တဲ့လက ဥပဒေအတည်ပြုချက် ရပြီးနောက် ဖိုင်တွေကို ထုတ်ပြန်ခဲ့တာပါ။
အမေရိကန် တရားရေးဌာနက “ဖိုင်တွေမှာပါတဲ့ နစ်နာသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်မှုတွေ ပြုလုပ်မှာနဲ့ ရှေ့နေတွေက ပြန်လည်စစ်ဆေးတာမျိုး ပြုလုပ်မှာဖြစ်ပါတယ်။ ဒီစာရွက်စာတမ်းတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ပေးသွားမှာပါ” လို့ ပြောပါတယ်။
အက်စတိန်းနဲ့ပတ်သက်တဲ့ ဖိုင်တွေကို ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထား ထုတ်ပြန်ဖို့ ဥပဒေထုတ်ပြန်ထားပြီး ဖိုင်သစ်တွေကိုတော့ လက်ရှိ စစ်ဆေးမှုပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ FBI နဲ့ ရှေ့နေတွေ နယူးယောက်မြို့ တောင်ပိုင်းခရိုင်မှာ မပါဝင်ခဲ့တဲ့ ဖိုင်တွေပဲ ဖြစ်ပါတယ်။
အက်စတိန်းဟာ လိင်ကုန်ကူးမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရချိန် နယူးယောက်ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ ဖြစ်ပါတယ်။
အက်စတိန်းနဲ့ပတ်သက်တဲ့ ထောင်နဲ့ချီတဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြန်ခဲ့ပြီးနောက် သူနဲ့ပတ်သက်ဖွယ်ရှိတဲ့ စာရွက်စာတမ်းတွေ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အက်စတိန်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေထဲမှာ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ အီးမေးလ်တွေနဲ့ စုံစမ်းရေး စာရွက်စာတမ်းတွေ ပါဝင်ပါတယ်။
အဲဒီဖိုင်တွေကို ထုတ်ပြန်တဲ့အခါမှာ ပြင်ဆင်ချက်တွေ၊ မျက်နှာတွေကို ဖုံးထားတာမျိုးနဲ့ စာတွေကို ဖုံးကွယ်ပြီး ထုတ်ပြန်တာမျိုးတွေကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
အက်စတိန်းကို အပြစ်ရှိကြောင်း ထွက်ပေါ်လာပြီးနောက် သူနဲ့ပတ်သက်ခဲ့တဲ့ အမေရိကန်ဆိုင်ရာ ဗြိတိန်သံအမတ် ပီတာမန်ဒယ်ဆန်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဗြိတိန်မင်းသား အန်ဒရူးလည်း မင်းသားအဖြစ်ကနေ ဆုံးရှုံးခဲ့ဖူးပါတယ်။
Source: Reuters










