DVB Logo
Home
နိုင်ငံတကာ
ဖလော်ရီဒါ၌ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးနှင့် ဒေါ်နယ်ထရမ့်တွေ့ဆုံ
DVB
·
November 30, 2024
ဖလော်ရီဒါ၌ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးနှင့် ဒေါ်နယ်ထရမ့်တွေ့ဆုံ
Donate to DVB

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုးဟာ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ နိုဝင်ဘာ ၂၉ ရက်မှာ ဖလော်ရီဒါက ထရမ့်ရဲ့ အပန်းဖြေစခန်းကို သွားရောက်ခဲ့ပါတယ်။ 

ထရမ့်က ကနေဒါကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် စည်းကျပ်ခွန်ကောက်မယ်လို့  ခြိမ်းခြောက်ပြီး ရက်အနည်းငယ်အကြာမှာ အခုလိုတွေ့ဆုံတာ ဖြစ်ပါတယ်။ 

ထရူဒိုးရဲ့ တရားဝင်ခရီးစဉ်မှာ မပါဝင်ပေမဲ့ ဖလော်ရီဒါပြည်နယ် ဝက်စ်ပမ်ဘိချ်မှာရှိတဲ့ ဟိုတယ် တလုံးကနေ ထရမ့်ရဲ့ မာရာလာဂို အပန်းဖြေစခန်းကို ထွက်ခွာသွားတာကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။ 

ထရူဒိုးနဲ့ ထရမ့်ရဲ့ ကိုယ်စားလှယ်တွေက မှတ်ချက်ပေးဖို့ တောင်းဆိုတာအပေါ် တုံ့ပြန်ထားတာ မရှိ သေးပါဘူး။

ထရမ့်က ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအနေနဲ့  ဖန်တာနဲလ်အပါဝင် မူးယစ်ဆေးဝါးတွေနဲ့ ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ထိန်းချုပ်နိုင်တဲ့အထိ အဲဒီနိုင်ငံတွေက တင်သွင်းတဲ့ ကုန်ပစ္စည်း တွေ အပေါ် ၂၅ ရာခိုင်နှုန်း စည်းကျပ်ခွန်ကောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေက တာဝန်ရှိသူတွေသာမက အဓိက စက်မှုလုပ်ငန်း အုပ်စု တွေကပါ  ထရမ့်ခြမ်းခြောက်နေတဲ့ အခွန်နှုန်းထား မြင့်မားမှုတွေဟာ သက်ဆိုင်တဲ့ နိုင်ငံအားလုံးရဲ့ စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့ သတိ့ပေးထားပါတယ်။ 

ဒါ့အပြင် ငွေကြေးဖောင်းပွမှုကို မြင့်တက်စေကာ အလုပ်အကိုင်ဈေးကွက်ကို ထိခိုက်စေမယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမှာ စီးပွားရေး နှေးကွေးလာတာနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း နေထိုင်စရိတ် မြင့်တက် လာတာကြောင့် ထရူးဒိုးအပေါ်  လူကြိုက်များမှုဟာ ကျဆင်းနေပါတယ်။ 

စစ်တမ်းတွေအရ ၂၀၂၅ အောက်တိုဘာနောက်ပိုင်းမှာ ကျင်းပရမယ့် ရွေးကောက်ပွဲမှာ ထရူဒိုးရဲ့ လစ်ဘရယ်ပါတီဟာ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီကို ရှုံးနိမ့်မယ်လို့ ပြသနေပါတယ်။

ထရူဒိုးဟာ ဒီတပတ်အတွင်း ထရမ့်ရဲ့ အခွန်ခြိမ်းခြောက်မှုကို စည်းလုံးညီညွတ်စွာ တွန်းလှန် သွားမယ်လို့ ကတိပြုခဲ့ပါသေးတယ်။  

အမေရိကန်နဲ့ ဆက်ဆံရေးကိစ္စတွေ ဆွေးနွေးဖို့ ကနေဒါပြည်နယ် ၁၀ ခုက ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ အစည်းအဝေးခေါ်ခဲ့ပါတယ်။ 

ကနေဒါဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေနံထုတ်လုပ်သူနဲ့ ဆဋ္ဌမအကြီးဆုံး သဘာဝ ဓာတ်ငွေ့ထုတ်လုပ်သူ နိုင်ငံဖြစ်ပါတယ်။ 

တနေ့ကို စည်ပေါင်း လေးသန်း တင်ပို့နေတဲ့ ရေနံစိမ်းအများစုဟာ အမေရိကန်ကို ပို့တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013