DVB Logo
Home
မြန်မာသတင်း
နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ရွှေ့ပြောင်း
DVB
·
November 30, 2024
နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ရွှေ့ပြောင်း
Donate to DVB

နိုင်ငံရေးကျဉ်းသားတွေအပါဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ပြောပါတယ်။ 

နိုဝင်ဘာ ၃၀ ရက် မနက်အစောပိုင်းမှာ ရွှေ့ပြောင်းလိုက်တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ လတ်တလောအတည်ပြုလို့ မရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက DVB ကို ပြောပါတယ်။ 

လက်ရှိ သာယာဝတီထောင်မှာ လူ ၅၀ ဝန်းကျင်ပဲ နေလို့ရတဲ့ အခန်းတွေမှာ လူ ၁၀၀ လောက်ထားတာကြောင့် ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်ရသလို၊ သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့ ထောင်ဖြစ်တဲ့အတွက် သတိထားစောင့်ကြည့်ပေးဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ 

အင်းစိန်ကနေ သာယာဝတီထောင်ကို ခုတကြိမ် ရွှေ့ပြောင်းမှုဟာ တနှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်ပြီး ပထမသုံးကြိမ်အတွင်းမှာတင် နိုင်ငံရေးအကျဉ်းသား ၁၀၀၀ လောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

“အဲဒီသုံးကြိမ်လုံးမှာ နိုင်ငံရေးအကျဉ်းသားတွေကို လူမဆန်တဲ့ ရိုက်နှက်မှုတွေကို ထောင်ဝင်အဝမှာတင် ထောင်အာဏာပိုင်တွေကိုယ်တိုင်ရဲ့ အမိန့်တွေနဲ့ ပြုလုပ်ခဲ့တာတွေရှိတယ်" လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

ထောင်ပြောင်းရွှေ့ချိန်ဟာ ထောင်ဝင်စာတွေ့လို့မရတဲ့ ပိတ်ရက်ဖြစ်နေလို့ မိသားဝင်တွေလည်း ထောင်ပြောင်းတာနဲ့ပတ်သက်ပြီး မသိရှိကြသေးဘူးလို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013