DVB Logo
Home
နိုင်ငံတကာ
ကိုလံဘီယာဦးဆောင်သည့် နိုင်ငံစုံစစ်ဆင်ရေးတွင် မူးယစ်ဆေး တန်ချိန် ၁၄၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
November 30, 2024
ကိုလံဘီယာဦးဆောင်သည့် နိုင်ငံစုံစစ်ဆင်ရေးတွင် မူးယစ်ဆေး တန်ချိန် ၁၄၀၀ ကျော် ဖမ်းဆီးရမိ
Donate to DVB

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် တရားမဝင် မူးယစ်ဆေးဝါး မက်ထရစ်တန်ချိန် ၁၄၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို ထိုးနှက်ချက် တရပ်ဖြစ်တယ်လို့ ကိုလံဘီယာရေတပ်က နိုဝင်ဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ အိုရီယွန်ရေတပ် စစ်ဆင်ရေးက ဦးဆောင်တဲ့ သီတင်း ၆ ပတ်ကြာ စစ်ဆင်ရေးမှာ နိုင်ငံပေါင်း ၆၂ နိုင်ငံက နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုနဲ့ အဖွဲ့အစည်းပေါင်း ၁၂၇ ခု ပါဝင်ပြီး စုစုပေါင်း မူးယစ်ဆေးဝါး ၁၄၀၈ တန် သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီထဲမှာ ကိုကင်း ၂၂၅ တန်၊ ဆေးခြောက် ၁၂၈ တန်ကျော် ဖမ်းဆီးရမိမှု အပါအဝင် ဘရာဇီးနဲ့ ပါရာဂွေးနိုင်ငံတွေအကြားက စိုက်ပျိုးရေးနေရာတွေမှ အပိုင်းပိုင်း ဖြတ်တောက်ထားတဲ့ ဆေးခြောက် ၁,၀၄၄ တန် အပြင် ဆေးခြောက်မှုန့်ကို ဖိသိပ်ထားတဲ့ပုံစံဖြစ်တဲ့ ဟာရှိရှ် ၄ ဒသမ ၉ တန်နဲ့ မီသာဖက်တမင်း စိတ်ကြွဆေး ၁၉၈ ကီလိုဂရမ်တို့လည်း ပါဝင်ပါတယ်။

ဒီစစ်ဆင်ရေးတွေကို တိုက်ကြီး ၅ တိုက်ရှိ သမုဒ္ဒရာတွေ၊ ကမ်းရိုးတန်းတွေ၊ ပင်လယ်တွေ၊ မြစ်တွေ၊ ကန့်သတ် ဧရိယာတွေနဲ့ ဆိပ်ကမ်း အဆောက်အဦတွေမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိမှုတွေကြောင့် နိုင်ငံဖြတ်ကျော် မှုခင်းအဖွဲ့အစည်းတွေရဲ့ဘဏ္ဍာငွေကို ထိခိုက်ခဲ့ပြီး ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံ မရရှိအောင် တားဆီးထားနိုင်ခဲ့ကြောင်းနဲ့ ဓာတ်ခွဲခန်းပေါင်း ၄၇၅ ခန်းကို ဖျက်ဆီးလိုက်တာကနေ ကိုကင်း ၂၉ တန် ထုတ်လုပ်မှုကို တားဆီးနိုင်ခဲ့ကြောင်း ကိုလံဘီယာ ရေတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး အော်လန်ဒိုဂရီဆားလက်စ် ဖရန်ဆက်စ်ချီက ပြောပါတယ်။  

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013