DVB Logo
Home
မြန်မာသတင်း
စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ်အစပ်ကို စစ်တပ်စစ်ကြောင်းထိုးပြီး ပြည်သူ ၁ ဦးအားသတ်ဖြတ်
DVB
·
November 29, 2024
စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ်အစပ်ကို စစ်တပ်စစ်ကြောင်းထိုးပြီး ပြည်သူ ၁ ဦးအားသတ်ဖြတ်
Donate to DVB

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်အစပ်ကို စစ်ကောင်စီနဲ့ ပျူစောထီး တပ်သားတွေက စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီမှာ ကပစ ၁၇ က စစ်ကောင်စီတပ်သားတွေနဲ့ ဆင်လူးကျေးရွာက ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်က စေတုတ္တရာနဲ့ ပွင့်ဖြူနယ်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့တာပါ။

စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် စေတုတ္တရာမြို့နယ် ကျောက်ပုံရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်တင်ပိုင် သေဆုံးခဲ့ပါတယ်။

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တာဝန်ရှိသူက “စစ်ကြောင်းက အင်အား ၁၀၀ ကျော်နဲ့ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ပြီး ရွာထဲ ဝင်လာတယ်၊ လက်နက်ကြီးထိမှန်ပြီးတော့မှ တယောက်သေဆုံးသွားတယ်၊ ရွာသားတွေက‌ တောတွေ တောင်တွေထဲ ပြေးကြလွှားကြနဲ့ တချို့ သက်ကြီးရွယ်အိုတွေဆို နာမကျန်းဖြစ်တာနဲ့ အစားမစားရ၊ ဘာမစားရနဲ့ တော်တော်ဒုက္ခ ရောက်နေတယ်။ စားစရာလည်း မရှိကြဘူး၊ ရွာကိုမီးရှို့ပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေဆို သူတို့ယူသွားတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ ပွင့်ဖြူမြို့နယ် လယ်မရွာက လူနေအိမ် အလုံး ၅၀ ကျော်၊ စေတုတ္တရာမြို့နယ် ‌ကျောက်ပုံရွာက လူနေအိမ် ၁၀ လုံး၊ ညောင်တုန်းရွာက လူနေအိမ် ၃ လုံး တို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေအတွင်းက လျှပ်စစ်ထရမ်စဖော်မာနဲ့ ဆန်ဂိုထောင်တွေကိုပါ မီးရှို့ဖျက်ဆီးပြီးနောက် ၂၈ ရက် ညနေပိုင်းမှာ စလင်းမြို့နယ် ဆင်လူးကျေးရွာ ပျူစောထီး အထိုင်စခန်းထဲ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကြောင်းကြောင့် ကျောက်ပုံ၊ ခဲပစ်၊ ညောင်ကုန်း၊ လယ်မ၊ ကျွဲခြံ၊ ပွင့်ဖြူ စတဲ့ ကျေးရွာ ၆ ရွာက ပြည်သူ ၄,၅၀၀ ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းစကနေ အခုနှစ် အောက်တိုဘာလကုန်အထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013