
ဆူဒန်နိုင်ငံမှာ လူအသေအပျောက်များတဲ့ ကာလဝမ်းရောဂါကပ်ဘေး ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတာကြောင့် ဇူလိုင်လကတည်းက အနည်းဆုံး လူပေါင်း ၁,၁၈၀ သေဆုံးခဲ့တယ်လို့ ဆူဒန် ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ကာလဝမ်းရောဂါဟာ ပြည်နယ် ၁၁ ခုရှိ ခရိုင် ၈၁ ခုကို မြန်မြန်ဆန်ဆန် ကူးစက်ခဲ့ပြီး အာဏာပိုင်တွေဟာ သန့်ရှင်းရေး၊ ပိုးသတ်ခြင်းနဲ့ သီးခြားခွဲထားရေးစင်တာတွေ ထူထောင်ခြင်း စတဲ့အစီအမံတွေကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဆေးဝါးပြတ်တောက်မှုတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ လစ်လပ်မှုတွေက သိသိသာသာ ဆက်ရှိနေပြီး ထောက်ပံ့ကူညီမှုတွေ အရေးတကြီး လိုအပ်နေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလကတည်းက ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အရန် အမြန်ထောက်ပံ့ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး မုတ်သုံမိုးကြောင့် ဖြစ်လာတဲ့ ရေကြီးရေလျှံမှုတွေ ပေါင်းစပ်လိုက်တာကနေ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွားမှုကြောင့် ကာလဝမ်းရောဂါနဲ့ သွေးလွန်တုပ်ကွေးတို့လို ကူးစက်ရောဂါတွေ အကြီးအကျယ် ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
Source : Reuters










