DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန် အပစ်ရပ်ရေး အရှေ့အလယ်ပိုင်း အစိုးရများကြိုဆို၊ နူဆေရတ်ဒုက္ခသည်စခန်းကို အစ္စရေးတိုက်ခိုက် 
DVB
·
November 29, 2024
လက်ဘနွန် အပစ်ရပ်ရေး အရှေ့အလယ်ပိုင်း အစိုးရများကြိုဆို၊ နူဆေရတ်ဒုက္ခသည်စခန်းကို အစ္စရေးတိုက်ခိုက် 
Donate to DVB

အရှေ့အလယ်ပိုင်းတဝန်းရှိ အစိုးရတွေဟာ နိုဝင်ဘာ ၂၇ ရက်မှာ စတင်အသက်ဝင်ခဲ့တဲ့ အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံမှ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုခဲ့ကြပါတယ်။

အီဂျစ်၊ တူရကီ၊ ဂျော်ဒန်၊ ဆော်ဒီနဲ့ ကာတာတို့က အဲဒီသဘောတူညီချက်ကို ကြိုဆိုခဲ့ကြပြီး ဂါဇာမှာလည်း အလားတူ သဘောတူညီချက်တခုရရှိဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဂါဇာကို အုပ်ချုပ်နေတဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ တရားဝင် တယ်လီဂရမ်ချန်နယ်မှာတော့ လက်ဘနွန်က အစ္စလာမ္မစ် တော်လှန်ရေးအဖွဲ့ရဲ့ အခန်းကဏ္ဍကို ချီးကျူးထားတဲ့ ထုတ်ပြန်ကြေညာချက်ကို ဖော်ပြထားပါတယ်။

“အစ္စရေးဟာ သူတို့ချမှတ်ထားတဲ့ ပန်းတိုင်ကို မအောင်မြင်သေးဘဲ လက်ဘနွန်နဲ့ သဘောတူညီမှုရအောင်လုပ်ဖို့ ရန်သူကို လက်ခံလိုက်ခြင်းဟာ အရှေ့အလယ်ပိုင်းမြေပုံကို အင်အားသုံး ပြောင်းလဲချင်တဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ထင်ယောင်ထင်မှား ဖြစ်မှုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းပစ်မယ်၊ ဒါမှမဟုတ် လက်နက်ဖြုတ်သိမ်းပစ်မယ် ဆိုပြီး သူ့ရဲ့ ထင်ယောင်ထင်မှားမှုတွေကို အဆုံးသတ်ပေးဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်” လို့လည်း ဟားမတ်စ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ပြင်သစ်တို့က ကြားဝင် အကျိုးဆောင်ပေးခဲ့တဲ့ အစ္စရေးနဲ့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်စလုံးက ဗုဒ္ဓဟူးနေ့မှာ လက်ခံခဲ့ပြီး တနှစ်ကျော်ကြာ ကာလအတွင်း စစ်ပွဲ ၂ ခု ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်းမှာ သံတမန်ရေးရာအတွက် ရှားရှားပါးပါးအောင်ပွဲ ဖြစ်ပါတယ်။

အစ္စရေးဟာ လက်ဘနွန်နိုင်ငံရဲ့ အရှေ့ဘက်ရှိ မြို့ကြီး မြို့ငယ်တွေနဲ့ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ ဟစ်ဇ်ဘိုလာ အမာခံစခန်းတွေနဲ့အတူ အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ တောင်ဘက်ပိုင်းမှာ တပ်ဖြန့်ဖို့ ပြင်ဆင်နေတယ်လို့ အပစ်အခတ်ရပ်စဲရေး တာရှည်ခံစေဖို့ တာဝန်ယူထားတဲ့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ နယ်ခြားရွာတွေရှိ ဒေသခံတွေကို နေရပ်ပြန်ကြဖို့ တောင်းဆိုခဲ့ပြီး ဒေသခံတွေကလည်း ဟစ်ဇ်ဘိုလာကို အကြိမ်ကြိမ်စစ်တိုက်ပြီး လက်ဘနွန်ထဲကို ၆ ကီလိုမီတာဝန်းကျင် အကွာလောက်အထိ တွန်းပို့ခဲ့တဲ့ အစ္စရေးစစ်တပ် ဆုတ်ခွာမသွားမချင်း နေရပ်ပြန်ဖို့ ကြန့်ကြာနေကြတာ ဖြစ်ပါတယ်။

အစ္စရေးဟာ နယ်စပ်အနီးရှိ ဒေသတွေဆီ ပြန်လာကြတဲ့ ဟစ်ဇ်ဘိုလာ အေးဂျင့်တွေကို ဖော်ထုတ်ခဲ့ပြီး အနီးအနားကို ကပ်မလာစေဖို့ ကာကွယ်ခြောက်လှန့် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေမယ့် အရိပ်အယောင် လက္ခဏာတွေတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ နူဆေရတ်စခန်းကို နိုဝင်ဘာ ၂၈ ရက်က အစ္စရေးတိုက်ခိုက်မှု အတွင်း လူအများအပြား သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံအမြန်ပို့ဆောင်ထားပြီး လမ်းတွေပေါ်က ရုပ်အလောင်းတွေပေါ်မှာ ချစ်ခင်ရသူတွေ သေဆုံးရလို့ ငိုကြွေးနေသူတွေကိုလည်း တွေ့ရှိရပါတယ်။

အစ္စရေးစစ်တပ်ဟာ အလယ်ပိုင်းဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီး သံချပ်ကာယာဉ်တွေကိုလည်း ကမ်းမြောင်ဒေသရဲ့ မြောက်ဘက်နဲ့ တောင်ဘက်တို့မှာ နက်နက်ရှိုင်းရှိုင်း မောင်းဝင်လာခဲ့ကြတာကြောင့် နိုဝင်ဘာ ၂၈ ရက်က ဂါဇာကမ်းမြောင် တလျှောက် အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဆေးပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဂါဇာရဲ့ သမိုင်းဝင်ဒုက္ခသည်စခန်း ၈ ခုထဲက တခုဖြစ်တဲ့ နူဆေရတ်စခန်းမှာ အစ္စရေးလေယာဉ်တွေက လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပြီး အထပ်ပေါင်းများစွာ မြင့်တဲ့ အဆောက်အအုံတလုံးကို ပစ်ခတ်ခဲ့တာမှာ ဗလီတွေရဲ့ အပြင်ဘက်ရှိ လမ်းတွေကိုလည်း ထိမှန်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၇ ယောက် သေဆုံးခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

တင့်ကားတွေနဲ့ ပစ်ခတ်မှုကြောင့် နူဆေရတ် အနောက်ဘက်ခြမ်းကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပြီး အမျိုးသမီးတယောက်နဲ့ ကလေးတယောက်တို့ဖြစ်ကြောင်း ဆေးပညာရှင်တွေက ပြောပါတယ်။

အနီးနားရှိ အိမ်တလုံးမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် တခြား ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဂါဇာမှာ ဗုဒ္ဓဟူးနေ့ တညလုံးနဲ့ ကြာသပတေးနေ့ အစောပိုင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစ္စရေးက တစုံတရာ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပါဘူး။

အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ဟာ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးကို စတင်လုပ်ဆောင်ခဲ့ပြီး တနှစ်ကျော်ကြာ ရန်လိုမှုတွေကို အဆုံးသတ်ခဲ့ပြီး နောက်တရက်အကြာမှာပဲ ဟားမတ်စ်တို့ အုပ်ချုပ်နေတဲ့ ဂါဇာရှိ ပါလက်စတိုင်းတို့ကြားမှာလည်း အလားတူ သဘောတူညီချက်တရပ်အတွက် မျှော်လင့်ချက်တွေ တိုးပွားလာနေချိန်မှာ တိုက်ပွဲအရှိန်မြင့်နေတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013