DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ပမာဏအများဆုံး ကျားဖြန့် ငွေလိမ်ဂိုဏ်းသုံးပစ္စည်းများ ဖမ်းဆီးရမိ 
DVB
·
November 28, 2024
ထိုင်းတွင် ပမာဏအများဆုံး ကျားဖြန့် ငွေလိမ်ဂိုဏ်းသုံးပစ္စည်းများ ဖမ်းဆီးရမိ 
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းက အသုံးပြုတဲ့ အိုင်တီနည်းပညာပစ္စည်း ပမာဏအများဆုံးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအမျိုးသားဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က နိုဝင်ဘာ ၂၇  ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ နိုဝင်ဘာလကစ “မီးခိုးရောင်ရွှေနဂါးနှိမ်နင်းရေးစီမံချက်” နဲ့   ထိုင်းနိုင်ငံ ခရိုင် ၉ ခု၊ ၁၄ နေရာက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ဖမ်းဆီးရမိခဲ့တယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ကွင်းဆက်တွေ ဆက်လက်စုံစမ်းပြီး နိုဝင်ဘာ ၂၆ က ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ သတင်းရထားတဲ့ နေအိမ်အဆောက်အဦတွေကို သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာလို့ ထိုင်းအမျိုးသားဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ (CIB) ရဲချုပ်ကြီး ကျီရဖတ် ဖူရိ တေချ်က ပြောပါတယ်။

ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်တွင်း ၅ နေရာ၊ ဆန်ကမ်ဖိုင်းမြို့နယ်တွင်း ၅ နေရာနဲ့ မြို့တွင်းတနေရာတို့ကို သွားရောက်စစ်ဆေးပြီး အွန်လိုင်းလိမ်လည်လုပ်ငန်းမှာ အသုံးပြုနေတဲ့ GSM gateway simbox ၆၄၅ ခု၊ ထိုင်းဖုန်းဆင်းမ်ကတ် ၃၅၀,၀၀၀၊ ဟောင်ကောင်ဆင်းမ်ကတ် ၁၅၀,၀၀၀ နဲ့ အခြားနိုင်ငံက ဆင်းမ်ကတ်အပါအဝင် စုစုပေါင်း ၅၉၀,၀၀၀ ကတ်၊ တယ်လီဖုန်း ၁,၄၅၅ လုံးတို့ကို သိမ်းဆည်းရမိတယ်၊ ဒါဟာ ထိုင်းနိုင်ငံ ကျားဖြန့် ငွေလိမ်ဂိုဏ်း ဖမ်းဆီးရမိတဲ့သမိုင်းမှာ အကြီးမားဆုံး၊ ပမာဏအများဆုံး ပစ္စည်းတွေလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး နန်းဆောင် ကျီလဖန်း အပါအဝင်  မြန်မာနိုင်ငံသား ၈  ယောက်၊ ထိုင်းနိုင်ငံသားတယောက်၊ တရုတ်နိုင်ငံသား ၅ ယောက်  စုစုပေါင်း ၁၄ ယောက်တို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

နန်းဆောင် ကျီလဖန်းမှာ အလုပ်နေရာအတွက် အိမ်ခန်း တိုက်ခန်း ရှာဖွေငှားရမ်းခြင်းနဲ့ အထွေထွေစီမံ‌ရေးလုပ်ငန်းတွေ အဓိကလုပ်တယ်၊ သူဟာ တရုတ်အမျိုးသားနဲ့ လက်ထပ်ထားပြီး ခင်ပွန်းဖြစ်သူမှာ ကော်လ်စင်တာ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တယောက် ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Source: Voice TV / CH3 News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013