DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်တပ် လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
DVB
·
November 28, 2024
ဖယ်ခုံတွင် စစ်တပ် လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ကုန်းပေါကျေးရွာအနီးကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၆ ယောက်အထိ သေဆုံးပြီး ဒဏ်ရာရသူ ၅ ယောက် ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၁ လအရွယ် ကလေးငယ်၊ ၁ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၈ ရက် မနက်မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် ထပ်မံ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“တချို့သူတွေ အခု ပြေးကြပြီ။ ဒီမနက်လည်း ထပ်ထိထားသေးတယ်။ အဒေါ်တယောက် အခြေအနေက ဘာမှန်းမသိသေးဘူး။ လက်နက်ကြီးတွေက နောက် အသစ်ထုတ်တဲ့ဟာနေမှာ၊ အတွဲလိုက်တွေ။” 

ဖယ်ခုံအနီးနားတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ ဖယ်ခုံ ခမရ ၄၂၁ တပ်ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး ပြည်သူတွေနေလို့မရအောင် ပြုလုပ်နေကာ စစ်ကောင်စီရဲ့ လော်ဘီတချို့က ပြီးခဲ့တဲ့တပတ်မှာ ဖယ်ခုံကို ပြည်သူတွေ ပြန်လည်နေထိုင်ဖို့ စည်းရုံးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

နိုဝင်ဘာလအတွင်း ဖယ်ခုံ ပူချယ်ရွာက တောင်ယာလုပ်ကိုင်တဲ့ အမျိုးသား ၁၀၀ ကျော်ကို စစ်ကောင်စီက ပြန်မလွှတ်ပေးဘဲ ထိန်းသိမ်းထားတာ၊ အရှေ့ကာလရွာကို လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၂ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013