DVB Logo
Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲပြီးနောက် လက်ဘနွန်တောင်ပိုင်းရှိ ဒေသခံများ အိမ်ပြန်
DVB
·
November 28, 2024
အပစ်အခတ်ရပ်စဲပြီးနောက် လက်ဘနွန်တောင်ပိုင်းရှိ ဒေသခံများ အိမ်ပြန်
Donate to DVB

ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဒေသခံတွေဟာ အိမ်ပြန်ခဲ့ကြပါတယ်။

အုတ်ကျိုးတွေနဲ့ ပျက်စီးမှုတွေဖြစ်နေတဲ့ တိုင်ရီက နေအိမ်တွေကို ဒေသခံတွေ ပြန်လာခဲ့တာဖြစ်ပြီး ရှင်းလင်းမှုတွေ စတင်လုပ်ဆောင်နေတာပါ။

အစ္စရေးတိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ နိုင်ငံမြောက်ပိုင်းကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

အစ္စရေးတွေက လက်ဘနွန်တောင်ပိုင်းကို ကြီးမားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ လက်ဘနွန်စစ်တပ်က အဲဒီဒေသမှာ တပ်ဖြန့်ဖို့ ပြင်ဆင်နေပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ နယ်စပ် ၄ မိုင်အတွင်း အစ္စရေးစစ်တပ်တွေ ဆုတ်ခွာမှသာ ဒေသခံတွေ နေရပ်ပြန်ရမှာဖြစ်လို့ နေရပ်ပြန်မှု နောက်ကျမယ့်အကြောင်း နယ်စပ်မှာနေသူတွေကို လက်ဘနွန်စစ်တပ်က ပြောထားပါတယ်။

အပစ်အခတ်ရပ်စဲမှု မတိုင်မီ နောက်ဆုံးနေ့အထိ တိုင်ရီမြို့ရှိ တောင်ဘက်ဆိပ်ကမ်းမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အပစ်ရပ်တဲ့နေ့မတိုင်မီ နိုဝင်ဘာ ၂၆ ရက်နေ့မှာတင် အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လက်ဘနွန်အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ လူ ၄၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။

အီရန်ထောက်ခံမှုပေးထားတဲ့ လက်ဘနွန်တွေဟာ ဂါဇာစစ်ပွဲမှာ လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၆ ခုနှစ်က စစ်ပွဲထက် ၁၀ ဆကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို ၁၉၈၂ ခုနှစ်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး သူတို့ကို ထောက်ပံ့နေတဲ့ အီရန်က ပြန်လည်တည်ဆောက်ရေးအတွက် ကူညီမယ်လို့ ကတိပြုထားပါတယ်။

လက်ဘနွန်တခုတည်းတင် အိမ်တွေ ပျက်စီးမှု တန်ဖိုး ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ကြောင့် လက်ဘနွန်မှာရှိတဲ့ အိမ်ပေါင်း ၉၉,၀၀၀ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013