
တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ ၁၉၀၇ ခုနှစ် မှတ်တမ်းစတင်ပြီးနောက်ပိုင်း ရာစုနှစ်တခုကျော်အတွင်းမှာ နိုဝင်ဘာလ နှင်းအထူထပ်ဆုံး ကျဆင်းမှုစံချိန်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
နိုဝင်ဘာ ၂၇ ရက်က ဆိုးလ်မှာ အနည်းဆုံး နှင်း ၁၆ စင်တီမီတာ ကျခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၁၉၇၂ ခုနှစ် နိုဝင်ဘာလက ၁၂ ဒသမ ၄ စင်တီမီတာ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာသီဥတုကြောင့် ယဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေပြီး မီးပျက်တာတွေလည်း ရှိိနေပါတယ်။
နိုင်ငံတဝန်းက လေဆိပ်တွေမှာ လေပြင်းတိုက်တာ အပါအဝင် ရာသီဥတု ဆိုးရွားတာကြောင့် လေကြောင်းခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်း၊ ရွှေ့ဆိုင်းခဲ့ရပါတယ်။ နောက်ရက်တွေမှာလည်း နှင်းပိုကျလာမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
ဆိုးလ်မြို့အနီးမှာ ရာသီဥတုကြောင့် ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုတခုမှာ အနည်းဆုံး တယောက် သေဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
အနောက်မြောက်ဘက်က ရွေ့လျားလာတဲ့ လေအေးဟာ မိုးကို နှင်းအဖြစ် ညတွင်းချင်း ပြောင်းပြီး နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီမှာ နှင်းထု ၁၈ စင်တီမီတာအထိ ဖြစ်လာခဲ့ပါတယ်။
Source : Reuters










