DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တိုက်ပွဲ၌ ခလရ ၈၀ တပ်ရင်း တရင်းလုံးနီးပါး သေဆုံးပြီး အချို့ ထွက်ပြေး
DVB
·
November 28, 2024
လွိုင်ကော်တိုက်ပွဲ၌ ခလရ ၈၀ တပ်ရင်း တရင်းလုံးနီးပါး သေဆုံးပြီး အချို့ ထွက်ပြေး
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက လင်ဖုံလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၈၀ တပ်ရင်းတရင်းလုံးနီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်က ပင်လောင်း၊ ဖယ်ခုံကနေတဆင့် ကရင်နီပြည်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ စစ်ကြောင်းထိုးလာချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်မ ၆၆ ရဲ့ လက်အောက်ခံ ခလရ ၈၀ တပ် တရင်းလုံးနီးပါး သေဆုံးခဲ့ကာ သေချင်ယောင်ဆောင်ပြီး ဆေးရုံကနေ ထွက်ပြေးလို့ ၈ ယောက်က လွတ်မြောက်ကာ လက်နက် ၂၂ လက် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

KA ဗိုလ်မှူးကြီးဘုန်းနိုင်က “တပ်ရင်းတရင်းလုံး ၂၀ ဝန်းကျင်ပဲ ကျ​န်​တယ်လေ။ အားလုံးနီးပါး ကုန်သွားပြီနော်။ ကျနော်တို့ပြည်နယ်ထဲ ဝင်လာတော့ ချတယ်လေ။ ရှင်းလင်းချက်ကတော့ အားလုံးမပြည့်စုံသေးဘူးနော့။ သူတို့ဆီက သေနတ် ၂၂ လက်ရတယ်။ တပ်ရင်းမှူး အကြီးအကျယ်ဖြစ်သွားတော့ လေယာဥ်နဲ့လာထုတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတကြောင်းလုံး အထိနာပြီး ဗိုလ်မှူးလင်းဇော် အပါအဝင်  သေဆုံးသူ အယောက် ၃၀ ကျော်ရှိကာ စစ်သုံ့ပန်း ၅ ယောက်ဖမ်းမိပြီး MA 1 ၁၀ လက်၊ MA 2 ၂ လက်၊ MA 3 ၄ လက်၊ MA 11 ၄ လက်၊ MA 4 ၁ လက်၊ ငါးကြင်းမြီး ၁ လက်နဲ့ ကျည်ဘောက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ Loikaw Local PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အထိနာနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အနီးနားပတ်ဝန်းကျင်ကို ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူထိခိုက်မှု ရှိ၊ မရှိကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကား ၆ စီးက ပင်လောင်းကနေတဆင့် ဖယ်ခုံဘက်ကို ဆင်းလာပြီး စစ်အင်အားဖြည့်ဖို့အတွက် ကြိုးစားတာတွေရှိနေကာ တိုက်ပွဲ ဆက်လက်ပြင်းထန်နိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013