
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အာဏာထက်တဲ့ ညီမ ကင်မ်ယိုးဂျုံဟာ တောင်ကိုရီယားကနေ မြောက်ကိုရီးယားအစိုးရကို ဝေဖန်ထားတဲ့ လက်ကမ်းစာစောင်တွေ ပျံသန်းလာတဲ့ ဖြစ်ရပ်ကို ရှုတ်ချလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံ KRT က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မီးပုံးပျံတွေသုံးပြီး တောင်ပိုင်းကနေ ပေးပို့တဲ့ လက်ကမ်းစာစောင်တွေလို့ ဆိုတဲ့ မှုန်ဝါးဝါး ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရပိုင် KRT ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။
စာစောင်တွေပြုတ်ကျတဲ့ နယ်မြေကို ပိတ်ဆို့ထားပြီး လက်ကမ်းစာစောင်တွေကို ကောက်ယူခဲ့တယ်လို့ ကင်မ်ယိုးဂျုံက ပြောပါတယ်။
မြောက်ကိုရီးယားကနေ အမှိုက်ထုပ်တွေ လွှတ်တင်လာခဲ့တဲ့ မေလကတည်းက ကိုရီးယား ၂ နိုင်ငံ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ပြုံယမ်းကတော့ အမှိုက်ထုပ်တွေ လွှတ်တင်တာဟာ တောင်ပိုင်းရှိ အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ ပေးပို့တဲ့ ဝါဒဖြန့် မီးပုံးပျံတွေကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Source : Reuters