DVB Logo
Home
နိုင်ငံတကာ
၁၆ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်မည့် ဥပဒေကြမ်း ဩစတြေးလျ အောက်လွှတ်တော် အတည်ပြု
DVB
·
November 27, 2024
၁၆ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်မည့် ဥပဒေကြမ်း ဩစတြေးလျ အောက်လွှတ်တော် အတည်ပြု
Donate to DVB

အသက် ၁၆ နှစ်အောက် ကလေးတွေရဲ့ ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်မယ့် သမိုင်းဝင် ဥပဒေကြမ်းတရပ်ကို ဩစတြေးလျနိုင်ငံမှာ အောက်လွှတ်တော်က ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။

အောက်တိုဘာ ၂၇ ရက်က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၁၀၃ မဲ၊ ကန့်ကွက်မဲ ၁၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာကြောင့် အထက်လွှတ်တော် ဆက်တက်ရဖို့ ရှိပါတယ်။

အထက်လွှတ်တော်မှာလည်း အဓိကပါတီကြီးတွေရဲ့ ထောက်ခံမှုရှိထားတဲ့အတွက် ကမ္ဘာ့ပထမဆုံး ဆိုရှယ်မီဒီယာပိတ်ပင်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ပိုပြီး နီးစပ်လာခဲ့ပါတယ်။

တကယ်လို့ ဥပဒေအတိုင်း မလိုက်နာဘူးဆိုရင် ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ တစ်တော့ခ်နဲ့ X လိုမျိုး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဟာ ဩစီဒေါ်လာ သန်း ၅၀ အထိ ဒဏ်ကြေး တပ်ခံရနိုင်ပါတယ်။

အတိုက်အခံလွှတ်တော်အမတ်ဖြစ်သူ ဒန်တီဟန် ကတော့ အထက်လွှတ်တော်မှာ ပြင်ဆင်ချက်တွေ ထည့်သွင်းဖို့အတွက် အစိုးရအနေနဲ့ သဘောတူထားကြောင်း မှတ်ချက်ပေးပါတယ်။

အဲဒီပိတ်ပင်မှုကိုသာ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ပြီဆိုရင် ဆိုရှယ်မီဒီယာကုမ္ပဏီတွေက ပြင်ဆင်ချိန် တနှစ်ရရှိမှာ ဖြစ်ပါတယ်။​

ဒါပေမဲ့လည်း အသက်မှန်ကန်ကြောင်း စစ်ဆေးပေးတဲ့ နည်းပညာအပေါ်  လေ့လာမှုရလဒ် ထွက်လာမယ့် ဇွန်လပိုင်းလောက်အထိ မဲခွဲဆုံးဖြတ်မှုကို ရွှေ့ဆိုင်းပေးဖို့အတွက် နည်းပညာကုမ္ပဏီတွေက တောင်းဆိုထားပါတယ်။

ဆိုရှယ်မီဒီယာကြောင့် ကလေးတွေအပေါ် သက်ရောက်လာနိုင်တဲ့ ဆိုးကျိုးတွေကနေ အကာအကွယ်ပေးဖို့ ဒီတားမြစ်ချက်ကို လိုအပ်တယ်ဆိုပြီး လွှတ်တော်အမတ်တွေက ထောက်ပြကြပါတယ်။

ဒါကြောင့်ပဲ ဩစတြေးလျလွှတ်တော်ထဲမှာ ဒီဥပဒေပြဋ္ဌာန်းနိုင်ဖို့ ခပ်သွက်သွက် လုပ်ဆောင်နေကြတာပါ။

လက်ရှိဥပဒေကြမ်းကို အများစု ထောက်ခံပေမဲ့လည်း Meta ကုမ္ပဏီဘက်ကတော့ “ရှေ့နောက်မညီဘူး၊ ထိရောက်မှုလည်းမရှိဘူး” လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ ဩစတြေးလျ လူ့အခွင့်အရေး ကော်မရှင်နာကလည်း ဒါဟာ လုံခြုံမှုရှိတဲ့ လူမှုအသိုင်းအဝိုင်းမှာ ကလေးတွေကို ပိတ်ပင်ထားရာ ရောက်တယ်ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013