DVB Logo
Home
နိုင်ငံတကာ
တရုတ်ကာကွယ်ရေးဝန်ကြီး အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံရ
DVB
·
November 27, 2024
တရုတ်ကာကွယ်ရေးဝန်ကြီး အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံရ
Donate to DVB

တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျန်းဟာ  အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် စုံစမ်းစစ်ဆေးခံနေရတယ်လို့ Financial Times (FT) သတင်းဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။

တုံးကျန်းဟာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေအတွက် ဆက်တိုက် စုံစမ်းစစ်ဆေးခံရတဲ့ တာဝန်ထမ်းဆောင်နေဆဲနဲ့ အငြိမ်းစား ကာကွယ်ရေးဝန်ကြီးတွေထဲမှာ တတိယမြောက်လူ ဖြစ်တယ်လို့ Financial Times က လက်ရှိနဲ့ လက်ဟောင်း အမေရိကန်အရာရှိတွေကို ကိုးကား ရေးသားထားပါတယ်။

တရုတ်စစ်တပ်ဟာ မနှစ်ကတည်းက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန်အဟုန် ပြင်းပြင်း ဖယ်ရှားခဲ့ပြီး ဒီနေ့အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဗိုလ်ချုပ် ၉ ယောက်နဲ့ ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိတချို့ကို အမျိုးသားဥပဒေပြုအဖွဲ့ကနေ ဖယ်ရှားခဲ့ပါတယ်။

PLA ရေတပ်ဦးစီးချုပ်ဟောင်း တုံးကျန်းဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူပါ။

သူ့ရှေ့က တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီး လီရှန်းဖှူဟာလည်း ၇ လကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013