
သဲကန္တာရကို ဖြတ်ကူးရင်း မြေထဲပင်လယ်ကမ်းရိုးတန်းဆီ ရောက်ဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၀၀ ကျော်ကို နိုဝင်ဘာ ၂၅ ရက်မှာ ထိန်းသိမ်းထားတယ်လို့ လစ်ဗျားစစ်သားတွေက ပြောပါတယ်။
မြို့တော် ထရီပိုလီမှာ အခြေစိုက်တဲ့ လစ်ဗျားစစ်တပ် လက်အောက်ခံ တပ်မဟာ ၄၄၄ က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ စစ်သားတွေ ဝိုင်းထားခံရတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို တွေ့ရပါတယ်။
အဆောက်အအုံတွေရဲ့ အကြမ်းဖျင်းပုံစံ၊ တည်နေရာ၊ ဧရိယာရဲ့ ရုပ်သံဖိုင်နဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ကိုက်ညီတဲ့ တည်နေရာ၊ ကွင်းပြင်နဲ့ မြေမျက်နှာသွင်ပြင်တို့ကို သီးခြားအတည်ပြုနိုင်ခဲ့ပြီး ရက်စွဲကိုတော့ သီးခြားအတည် မပြုနိုင်ပါဘူး။
သဲကန္တာရအတွင်း ကင်းလှည့်နေတဲ့ တပ်ဖွဲ့က ရွှေ့ပြောင်းအခြေချသူတွေကို ရပ်ခိုင်းခဲ့တာဖြစ်ပြီး အာဏာပိုင်တွေဆီ လွှဲပေးမယ်လို့ တပ်မဟာက သူ့ရဲ့ Facebook စာမျက်နှာမှာ တနင်္လာနေ့အစောပိုင်းက ပြောပါတယ်။ ဘယ်အချိန် ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာတော့ မပြောပါဘူး။
လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က နေတိုးကျောထောက်နောက်ခံပြု မွမ်မာကဒါဖီကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ အနောက်ပိုင်းနဲ့ အရှေ့ပိုင်း အဖွဲ့တွေ ကွဲသွားခဲ့တာပါ။
ထရီပိုလီနဲ့ ဘန်ဂါဇီ မြို့တို့မှာ အခြေစိုက် အုပ်ချုပ်တဲ့ ပြိုင်ဘက်အုပ်ချုပ်ရေးတွေနဲ့အတူ လစ်ဗျားနိုင်ငံမှာ ငြိမ်းချမ်းမှု နည်းနည်းသာ ရှိခဲ့ပါတယ်။
ဥရောပဆီရောက်ဖို့ မြေထဲပင်လယ်ကနေ ဖြတ်ကျော်ဖို့ မျှော်လင့်ချက်နဲ့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တခြားဒေသတွေတလျှောက် လမ်းကြောဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက်သိန်းချီအတွက် အဓိက လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။
Source: Reuters










