
လစ်ဗျားနိုင်ငံ၊ ဇာဝီယာဒေသက ရေနံချက်စက်ရုံမှာ အကြီးအကျယ်လောင်နေတဲ့မီးကို မီးသတ်သမားတွေ ငြှိမ်းသတ်ဖို့ ကြိုးစားနေတာကို သြဂုတ် ၁၀ ရက်မှာ မျက်မြင်သက်သေတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
မော်ကွန်းတိုက်နဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ လမ်းအပြင်အဆင်၊ တိုင်ကီတွေနဲ့ အဆောက်အအုံတွေရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဇာဝီယာရေနံချက်စက်ရုံထဲက ရေနံရောစပ်စက်ရုံထဲမှာရှိတဲ့ အဓိကရေနံတိုင်ကီနဲ့ ပိုက်လိုင်းကွန်ရက် အနားကို ဒရုန်းတစင်း ကျရောက်ခဲ့ပြီး ၂ ရက်အတွင်း တတိယအကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်တယ်လို့ လစ်ဗျားအမျိုးသားရေနံကော်ပိုရေးရှင်း (NOC) က သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
မြို့ထဲက ရေနံပိုင်ဆိုင်မှုတွေအပေါ် ဒရုန်းနဲ့ ဆက်ပြီး တိုက်ခိုက်နေရင် မမျှော်လင့်ထားတဲ့ အခြေအနေ တရပ်ကို ကြေညာနိုင်ပြီး ရေနံချက်စက်ရုံရဲ့ လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်းနိုင်တယ်လို့လည်း NOC က ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွက် ဘယ်သူကမှ ချက်ချင်း တာဝန်မယူသေးပါဘူး။ တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူတွေရှိတယ်လို့ ယုံကြည်ကြောင်းကိုလည်း အာဏာပိုင်တွေက မပြောကြသေးပါဘူး။
Source: Reuters











