DVB Logo
Home
မြန်မာသတင်း
အခေါက်‌ရွှေ ရည်ညွှန်းဈေး ထပ်မံမြင့်တက်လာ
DVB
·
November 26, 2024
အခေါက်‌ရွှေ ရည်ညွှန်းဈေး ထပ်မံမြင့်တက်လာ
Donate to DVB

ကမ္ဘာ့ရွှေဈေး မြင့်လာတာကြောင့် ပြည်တွင်းရွှေရည်ညွှန်းဈေးလည်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၅၄ သိန်းခွဲကျော်ထိ ထပ်မံပြန်လည်မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်က ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂,၅၅၄ သာရှိပေမဲ့ လက်ရှိမှာ ၁ အောင်စ ဒေါ်လာ ၂,၇၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။

အလားတူ ပြည်တွင်း အကယ်ဒမီ အခေါက်ရွှေရည်ညွှန်းဈေးကလည်း ၁ ကျပ်သားကို ကျပ် ၅၂ သိန်း ဝန်းကျင်ရှိရာကနေ ဒီနေ့မှာ ၁ ကျပ်သားကို ကျပ် ၅၄ သိန်းခွဲကျော်ကို ရောက်ရှိလာပြီး သီတင်းပတ် တပတ်ကျော်အတွင်း ကျပ် ၂ သိန်းခွဲ ကျော် ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ကျဆင်းနေပေမဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ပြန်မြင့်လာတာကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာတာ ဖြစ်ပါတယ်။

ပြင်ပ ရွှေစျေးကွက်မှာတော့  ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၂ သိန်းခွဲဝန်းကျင်ခန့်  ရှိတာကြောင့် စစ်ကောင်စီရဲ့ ရွှေရည်ညွှန်းဈေးထက် ကျပ် ၈ သိန်းခွဲ ဝန်းကျင် ကွာဟချက်ရှိပါတယ်။

စစ်ကောင်စီကတော့ ရွှေဈေးတက်နေခြင်းကဈေးကစားသူတွေရဲ့ လက်ချက်လို့ ပြောဆိုထားပြီး ရွှေလုပ်ငန်းရှင်နဲ့ ကုန်သည်‌တွေကို ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးတာ‌တွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင်  ရွှေဆိုင်တွေကို YGEA ရဲ့  သတ်မှတ်ဈေးနဲ့သာ အရောင်အဝယ်ပြုလုပ်ကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013