DVB Logo
Home
မြန်မာသတင်း
အလုပ်သမားလွှဲပို့ငွေ အထောက်အထား ထပ်ပေးရန် အေဂျင်စီများကို စစ်ကောင်စီ ဖိအားပေး
DVB
·
November 26, 2024
အလုပ်သမားလွှဲပို့ငွေ အထောက်အထား ထပ်ပေးရန် အေဂျင်စီများကို စစ်ကောင်စီ ဖိအားပေး
Donate to DVB

၄ လတာအတွင်း စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ လွှဲပို့ငွေအထောက်အထားကို ပေးပို့ရမယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အသိပေးထားပါတယ်။

ဧပြီကနေ ဇူလိုင်အထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ မိသားစုလွှဲပို့ငွေကို ဒီဇင်ဘာလဆန်းမှာ စိစစ်ဖို့ရှိတာကြောင့် ပြင်ဆင်ထားကြဖို့ဆိုပြီး အသိပေးထားပါတယ်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဇန်နဝါရီကနေ မတ်လအထိ ပြည်ပရောက် အလုပ်သမားရဲ့ လွှဲပို့ငွေအထောက်အထား စိစစ်ဖို့ တောင်းခဲ့သလို သြဂုတ်လကစပြီး စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ လွှဲပို့ငွေအထောက်အထားကို အေဂျင်စီတွေက လစဥ်ပေးပို့နေရတာ ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “အရင်အကြိမ်တွေတုန်းကလည်း အရေးယူမခံရအောင် ကြံဖန်လုပ်ခဲ့ရတယ်။ အခုလည်း ခေါင်းစားရဦးမယ်။ ကိုယ်က ငွေလွှဲဖို့ တိုက်တွန်းလည်း အလုပ်သမားက လွှဲချင်မှလွှဲတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ငွေလွှဲအထောက်အထား မပြနိုင်တဲ့ အေဂျင်စီတွေကို အလုပ်ခေါ်စာအသစ် ဆိုင်းငံ့ အရေးယူတာမျိုး လုပ်ဆောင်နေပါတယ်။

ဒါကြောင့် အေဂျင်စီတွေအနေနဲ့ စေလွှတ်ခဲ့တဲ့ အလုပ်သမားကိုယ်စား ငွေလွှဲကာ အထောက်အထား ရယူနေကြရပြီး အဲဒီအတွက် ငွေစျေးကွာဟချက်ကြောင့် နစ်နာမှုတွေ ကြုံနေရတယ်လို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

စစ်ကောင်စီက ပြည်ပရောက် အလုပ်သမားတွေကို လစဥ် ဒါမှမဟုတ် ၃ လတကြိမ် လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ တရားဝင်ငွေလွှဲဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေကနေ နိုင်ငံခြားငွေရရှိအောင် ကြိုးစားနေတာဖြစ်သလို လစာရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်ဆောင်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၆၀၀ နီးပါးရှိပြီး လစဥ် အလုပ်သမား ၁၀,၀၀၀ နီးပါး စေလွှတ်နေတယ်လို့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013