DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး အသားကြိတ်စက်ထဲလက်ညှပ်ဝင်သွား 
DVB
·
November 26, 2024
မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး အသားကြိတ်စက်ထဲလက်ညှပ်ဝင်သွား 
Donate to DVB

ထိုင်းအလယ်ပိုင်း၊ နခွန်းနာယုဒ်ခရိုင်၊ နခွန်းနာယုဒ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ ရွှေ့ပြောင်းလုပ်သားတယောက် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုဖြစ်ပြီး လက်ချောင်းတွေ ဆုံးရှုံး သွားခဲ့ရပါတယ်။

နခွန်းနာယုဒ်မြို့  ဆေနားဖိနစ်လမ်း စည်ပင်ဈေးထဲက ဝက်သားဆိုင်မှာ  နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က  အလုပ်သမားတယောက်  အသားကြိတ်စက်ထဲလက်ပါ သွားတယ်လို့  သတင်းရရှိတာကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်လူနာတင်ကားတွေနဲ့ အတူ သွား‌ရောက်ကယ်ဆယ်ခဲ့တယ်လို့ နခွန်းနာယုဒ်ဆေးရုံ ပြင်ပလူနာဌာနဝန်ထမ်းက သတင်း ထောက်ကို ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိသွားချိန် အင်္ကျီအနီရောင်ဝတ်ထားတဲ့ အလုပ်သမား တယောက် အသားကြိတ်စက်ဘေးမှာ ထိုင်နေပြီး ညာဘက်လက်က လက်ကောက်ဝတ်အထိ အသားကြိတ်စက်ထဲမှာ ညှပ်မိနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

သူ့လက်ကိုဆွဲထုတ်ဖို့အတွက် အဲဒီဆိုင်က  အသားကြိတ်စက်ပြင်ဆရာကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရတာကြောင့် ပြင်ပစက်ဆရာ ခေါ်ခဲ့တယ်၊ ဒါပေမဲ့လက်ကို ထုတ်ယူလို့မရဘူး ၊ စက်ကိုဖျက်စီးပြီးထုတ်မှရမယ့်အခြေအနေရှိတယ်၊ ဆိုင်ရှင်နဲ့ ဆိုင်မန်နေဂျာထံကနေ စက်ဖျက်ဆီးခွင့် တောင်းရမှာဖြစ်ပေမဲ့ ဆက်သွယ်မရဘူး၊ ထိခိုက်မိသူမှာလည်း နာကျဉ်လွန်းတာကြောင့် နွမ်းလျပျော့ခွေနေပြီ။ ဒါကြောင့်  ကယ်ဆယ်ရေးအဖွဲ့က စက်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ပြီး လျှပ်စစ်လွှနဲ့ ဖြတ်ထုတ်တယ်၊ ၂ နာရီခန့်ကြာမှ စက်ကိုဖျက်နိုင်ပြီး ဒဏ် ရာရသူကို နခွန်းနာယုဒ်ဆေးရုံသို့ အမြန်ပို့ဆောင်ကာ ကျန်တဲ့လက်ချောင်းတွေကို နောက် မှထုတ်ယူတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူမှာ အသက် ၂၆ နှစ်ရွယ်  မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ဖြစ်ပြီး  သူဟာ ပကန်ဆန်ခုံးလို့ခေါ်တဲ့ လူမှုဖူလှုံရေးရန်ပုံငွေ လစဉ်ထည့်ဝင်ထားရင်တော့ ထိုင်းအလုပ် သမားဥပဒေအရ  ဆေးဝါးကုသမှုခံယူစဉ် ဆေးဖိုးဝါးခအပြင် လစာရဲ့ ၆၀ ရာခိုင်နှုန်းကို ခံစားခွင့်ရှိတယ်၊  လက်ချောင်းဆုံးရှုံးသွားတဲ့အတွက် ဆရာဝန်ရဲ့ ဆေးလက်မှတ်ပေါ်မူတည်ပြီး  နစ်နာကြေးတွေ ရရှိရမှာဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  

Source: 3Plus News / Matichon News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013