DVB Logo
Home
နိုင်ငံတကာ
ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့မှ သွင်းကုန်များကို အခွန်တိုးမြှင့်ရန် ထရမ့်ပ် ကတိပြု
DVB
·
November 26, 2024
ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့မှ သွင်းကုန်များကို အခွန်တိုးမြှင့်ရန် ထရမ့်ပ် ကတိပြု
Donate to DVB

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ကို သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံမယ်လို့ နိုဝင်ဘာ ၂၅ ရက်က ကတိပြုခဲ့ပါတယ်။

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်မှုနိုင်ငံ ၃ နိုင်ငံဖြစ်ပြီး အခုလို အခွန်တိုးကောက်မယ့် ကတိတွေက ကုန်သွယ်မှုစစ်ပွဲကို စတင်စေမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

၂၀၂၅ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတတာဝန် စတင်ထမ်းဆောင်မယ့် ထရမ့်ပ်ဟာ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံကနေ ဝင်ရောက်တဲ့ ဖန်တနောဆေး၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေနဲ့ မူးယစ်ဆေးတွေကို တားမြစ်မှု အပါအဝင် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။

ဒီလို အခွန်တိုးကောက်တာဟာ လွတ်လပ်စွာကုန်သွယ်မှုကို ချိုးဖောက်ရာရောက်ကြောင်း ရိုက်တာက ဖော်ပြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ အနိုင်ရခဲ့ချိန်က ထရမ့်ပ်ဟာ အမေရိကန်သာ ပထမအဖြစ် ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပြီး သူ့ရဲ့ စီးပွားရေးလုပ်ငန်းစဉ်ကိုလည်း ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ အချက်ထဲမှာ ပြည်ပသွင်းကုန်အခွန် တိုးကောက်မှု ပါဝင်ပါတယ်။

တရုတ်နိုင်ငံကိုလည်း ၁၀ ရာခိုင်နှုန်း ထပ်ပေါင်း အခွန်တိုးကောက်ဖို့ ထရမ့်ပ်က လျာထားပါတယ်။

သမ္မတဂျိုးဘိုင်ဒင် လက်ထက်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေ ဖမ်းဆီးရမိမှု စံချိန်တင်ချိန် သူက နယ်စပ်စည်းမျည်းသစ်တွေကို ပြဋ္ဌာန်းခဲ့ပြီး မက္ကဆီကို ကိုလည်း အဲဒီအတိုင်း ဆောင်ရွက်စေခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မက္ကဆီကိုရဲ့ အမေရိကန်နိုင်ငံကို ကုန်တင်ပို့မှု ၈၃ ရာခိုင်နှုန်းရှိပြီး ကနေဒါက ၇၅ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။

အခွန်တိုးမြင့်မယ့် စနစ်သစ်ဟာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ ၃ နိုင်ငံရဲ့ ကုန်သွယ်မှု သဘောတူညီချက်ကို ဖောက်ဖျက်စေမှာ ဖြစ်ပါတယ်။

ဒီစာချုပ်ကို ထရမ့်ပ်က လက်မှတ်ထိုးခဲ့ပြီး ၂၀၂၀ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ၃ နိုင်ငံဟာ အခွန်မကောက်ဘဲ လွတ်လပ်စွာ ကုန်သွယ်မှုတွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။

မက္ကဆီကို ဘဏ္ဍာရေးဝန်ကြီးက အမေရိကန်ဟာ မက္ကဆီကိုရဲ့ ထိပ်တန်းကုန်သွယ်မှုနိုင်ငံ ဖြစ်ကြောင်း၊ အမေရိကန်-မက္ကဆီကို-ကနေဒါ (USMCA) သဘောတူစာချုပ်ဟာ နိုင်ငံအတွက်ရော နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေအတွက်ပါ အခြေခံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ အခွန်တိုးကောက်မှုကတိနဲ့ ပတ်သက်ပြီး ကနေဒါဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကတော့ ချက်ချင်းတုံ့ပြန်မှု မရှိသေးပါဘူး။

ကနေဒါနဲ့ အမေရိကန်တို့ဟာ USMCA အတိုင်း ရှေ့ဆက်နေပေမဲ့ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ပို့ကုန်တွေအပေါ် အပြန်အလှန် ပိတ်ဆို့မှု ပြုလုပ်ခဲ့ဖူးပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013