DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ်ရှိ SSPP တပ်စခန်း ၂ ခုကို RCSS ဝင်ရောက်တိုက်ခိုက်
DVB
·
November 26, 2024
မိုင်းကိုင်မြို့နယ်ရှိ SSPP တပ်စခန်း ၂ ခုကို RCSS ဝင်ရောက်တိုက်ခိုက်
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်စခန်းငယ် ၂ ခုနဲ့ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူရဲ့ နေအိမ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်တပ်မတော် RCSS ဘက်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲကာ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် ဒေသခံပြည်သူတယောက် အပါအဝင် SSPP တပ်ဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာကော်မတီဝင် တယောက်ကိုလည်း ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RCSS စစ်ကြောင်း ၂ ကြောင်းဟာ မိုင်းကိုင်မြို့နယ် ပန်ပွဲကျေးရွာအနီးက SSPP တပ်စခန်းငယ် ၂ ခုကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် SSPP တပ်သား ၄ ယောက်ကို ဖမ်းဆီးသွားကာ စခန်းမှာသုံးစွဲနေတဲ့ ဆိုင်ကယ် ၄ စီး၊ ကားတစီးအပါအဝင် စခန်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ထည့်သွင်းရေးသားထား ပါတယ်။

ကျန်ရှိတဲ့ RCSS စစ်ကြောင်းတကြောင်းမှာ ပန်ပွဲကျေးရွာရှိ ရွာကော်မတီဝင်တယောက်ရဲ့ နေအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်တွင်းရှိ အဖိုးတန် ရွှေငွေ၊ ပစ္စည်းတွေယူဆောင်ကာ အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းကို သတ်ဖြတ်ပြီး နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း RCSS က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ပန်ပွဲကျေးရွာထဲက SSPP တပ်ဖွဲ့ဝင် ၃ ယောက်နဲ့  ဒေသခံပြည်သူ  တယောက်တို့ကို ထပ်မံဖမ်းဆီး သွားကြောင်း သိရပါတယ်။

လက်ရှိ ကာလမှာ ရှမ်းလက်နက်ကိုင်တပ် ၂ ဖွဲ့ အပစ်ရပ်ပြီး ပေါင်းစည်းဖို့အတွက် နှစ်ဖက်တပ်နဲ့ တွေ့ဆုံညှိနှိုင်းနေတဲ့ ကာလမှာ RCSS က အခုလိုဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013