DVB Logo
Home
အားကစား
ဘယ်တောင်ပံနေရာအတွက် မန်ဒက်စ်ကို ခေါ်ယူရန် မန်ယူနည်းပြသစ် ပစ်မှတ်ထား
DVB
·
November 25, 2024
ဘယ်တောင်ပံနေရာအတွက် မန်ဒက်စ်ကို ခေါ်ယူရန် မန်ယူနည်းပြသစ် ပစ်မှတ်ထား
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ် အာမိုရင်ဟာ ဘယ်တောင်ပံနေရာအတွက် PSG အသင်းက ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

နည်းပြအာမိုရင်နဲ့ မန်ဒက်စ်တို့ဟာ စပို့တင်းလစ္စဘွန်းမှာကတည်းက လက်တွဲညီခဲ့ပြီး ပေါ်တူဂီလိဂ်ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ကြတာပါ။

မန်ယူအသင်းမှာ ၃-၄-၃ ကစားကွက် အသုံးပြုဖို့ ပြင်ဆင်နေတဲ့ နည်းပြအာမိုရင်ဟာ ဘယ်တောင်ပံတလျှောက် အတက်အဆင်းမြန်မြန်နဲ့ ကစားနိုင်မယ့် မန်ဒက်စ်ကို ခေါ်ယူလိုနေတာပါ။

လက်ရှိ မန်ယူအသင်းမှာ လုခ်ရှော ရှိနေပေမဲ့ ဒဏ်ရာပြဿနာတွေ မကြာခဏ ရရှိတတ်တာကြောင့် ပုံမှန်ကစားနိုင်မယ့် အရည်အသွေးမြင့်ကစားသမား ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ မန်ဒက်စ်နဲ့ အဆင်မပြေခဲ့ရင်လည်း ဘိုင်ယန်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဘုန်းမောက်နောက်ခံလူ မီလော့ကာကတ်ဇ်တို့ကိုလည်း  ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

နည်းပြသစ် အာမိုရင် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ မနေ့ညက မန်ယူအသင်းနဲ့ အစ်ဆွစ်တောင်းအသင်းတို့ရဲ့ ပွဲစဉ်မှာ  တဖက် တဂိုးစီ သရေကျခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013