DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားများကို ဖမ်းဆီး
DVB
·
November 23, 2024
တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားများကို ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပြင်ဝန်းရွာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ခဲ့သလို အရပ်သားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့၊ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီရဲ့ ခလရ ၅၅၆ တပ်ကတပ်သားတွေဟာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၂ ယောက်ကိုလည်း ဖမ်းဆီးသွားတာပါ။

ဒေသခံတယောက်က “ရွာသားတွေ ချောင်းတဘက်က နာရေးသွားနေတုန်း နေအိမ်တွေကို မီးရှို့သွားတာပါ။ အခုလောင်နေတာ နေအိမ် ၅ ဆောင်အထိ ရှိသွားပြီ။ စစ်တပ်က သေနတ်နဲ့ ပစ်နေလို့ မီးဝင်ငြှိမ်းမရဘူး” လို့ ပြောပါတယ်။

မီးလာရှို့တဲ့ ဇဝဲရွာအခြေစိုက် ခလရ ၅၅၆ တပ်ရင်းကို မြိတ်မြို့ကနေ မနေ့ညကတည်းက အင်အားဖြည့်တင်းထားတာရှိပြီး ဒီနေ့ မနက်က အင်အား ၆၀ လောက်နဲ့ ရမ်းဖိုနဲ့ ပြင်ဝန်းကြား စစ်ကြောင်းထိုးလာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပကဖဆီက သိရပါတယ်။

ဒေသခံတယောက်က “နေအိမ်တွေကို မီးရှို့တာက စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံထိလို့ ဖြစ်နိုင်တယ်။ စစ်တပ်က အလောင်းတွေ သယ်နေတုန်းပဲ။ ရွာသားတွေကလည်း နာရေးသွားကြတော့ နေအိမ်တွေကို ပိတ်ထားတာ။ အဲဒါကို ရွာသားတွေမရှိလို့ဆိုပြီး ရှို့သွားတာ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကလည်း မြိတ်မြို့နယ်၊ တုံးဗျောရွာဟောင်းနားမှာ စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်လို့ အရပ်သား ၁ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013