DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းက ရဲစခန်းကိုတိုက်ခိုက်ရာ သတင်းပေါက်ကြားသဖြင့် စခန်းမသိမ်းနိုင်
DVB
·
November 23, 2024
လက်ပံတန်းက ရဲစခန်းကိုတိုက်ခိုက်ရာ သတင်းပေါက်ကြားသဖြင့် စခန်းမသိမ်းနိုင်
Donate to DVB

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ဘက်က သာယာကုန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပေမဲ့ သတင်းပေါက်ကြားခဲ့တာကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ တိုက်ပွဲမှာပါဝင်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၄ နာရီလောက်ကစလို့ ရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကူတွေ ရောက်ရှိလာတာကြောင့် မနက် ၈ နာရီလောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ လက်ပံတန်းမြို့အခြေစိုက် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲမှူး ကိုကိုအောင်က ပြောပါတယ်။

“သတင်းကကြိုပေါက်နေတော့ သူတို့ဘက်က  အဆင့်သင်နေရာယူထားကြတာ၊ အဲဒီတော့ ရဲစခန်းနားမရောက်ခင်တည်းက တိုက်ပွဲကစဖြစ်တာ၊ ‌စခန်းနားရောက်သွားတယ်၊ ပြီးတော့ အဲဒီစခန်းနားမှာ ပြည်သူ‌တွေ‌နေတဲ့အိမ်ရှိတော့ထိန်းပစ်နေရာတယ်၊ စစ်ကူရောက်လာတာရော၊ မျှော်ကင်းက ပစ်နေတာတွေကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

အဲဒီရဲစခန်းမှာ ပြည်သူ့စစ် ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတာဖြစ်ပြီး အခုတိုက်ပွဲမှာ ပျူစောထီးတွေ သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ပျူစောထီး ၄ ဦးသေတယ်၊ ရဲ ၁ ဦးသေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အစ်ကိုတို့ဘက်ကတော့ ရဲဘော် ၂ ယောက်မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်၊ ခုနေတော့ တိုက်ပွဲ ပြန်မဖြစ်ပါဘူး၊ အခြေနေအေးနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်လို့ အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့လည်း ဒေသခံ ရွာသားတယောက်က ပြောပါတယ်။

“ကြက်ခြံမှာအလုပ်လုပ်နေတဲ့ ကောင်လေး။ ကြက်ခံနဲ့ရဲကင်းနဲ့က လယ်ကွက် ၃ ကွက်လောက်ပဲဝေးတယ်။ စစ်သားတွေလာတော့‌ ကောင်လေးကထွက်ပြေးတ‌ေ။ အဲဒါ စစ်သားတွေမြင်သွားတော့ ပစ်လိုက်တာ သေသွားတယ်။ ကောင်လေးက မှော်အင်းက ကောင်လေး” လို့ ပြောပါတယ်။

ရဲစခန်းကို တိုက်ခိုက်ရာမှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၃၊ တပ်ရင်း ၃၈၀၂  တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ သာယာဝတီဂဠုန်တပ်ဖွဲ့၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ခွဲက ရဲဘော်တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း လက်ပံတန်းမြို့အရှေ့ဘက်  ပဲခူးရိုးမအစပ်က ညောင်ပင်ဇင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ‌ကြောင့် နေအိမ် အလုံး ၂၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013