DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ဟာ ရန်စမှုနှင့် တင်းမာမှုကို အရှိန်မြှင့်နေဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော 
DVB
·
November 23, 2024
အမေရိကန်ဟာ ရန်စမှုနှင့် တင်းမာမှုကို အရှိန်မြှင့်နေဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော 
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ တင်းမာမှုနဲ့ ရန်စမှုတွေကို အရှိန်မြှင့်နေတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက စွပ်စွဲလိုက်ပြီး ကိုရီးယားကျွန်းဆွယ်မှာ အခုလို နျူကလီးယားစစ်ပွဲ အန္တရာယ်မျိုး တခါမှ မကြုံဖူးခဲ့ဘူးလို့ ပြောဆိုခဲ့ကြောင်း အစိုးရပိုင် KRT သတင်းဌာနက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်လွှင့်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ပြုံယမ်းမှာပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ ကင်မ်ဂျုံအွန်းက ဝါရှင်တန်နဲ့ အရင်တုန်းက စေ့စပ်ညှိနှိုင်းမှု လုပ်ခဲ့တဲ့ အတွေ့အကြုံအရ ပြုံယမ်းအပေါ် အမေရိကန်ရဲ့ ရန်လိုတိုက်ခိုက်ချင်တဲ့ မူဝါဒကို မီးမောင်းထိုးပြနေတယ်လို့ ပြောသွားကြောင်း KRT သတင်းက ဆိုပါတယ်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပထမသက်တမ်းတုန်းက ထရမ့်ပ်နဲ့ ကင်မ်ဂျုံအွန်းတို့ဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ စင်ကာပူ၊ ဟနွိုင်းနဲ့ ကိုရီးယားနယ်စပ်မှာ မကြုံစဖူး တွေ့ဆုံမှု ၃  ကြိမ် ပြုလုပ်ခဲ့ပေမဲ့ တိကျသေချာတဲ့ ရလဒ်ကို မရရှိခဲ့ပါဘူး။

မိန့်ခွန်းထဲမှာ ကင်မ်ဂျုံအွန်းက လက်နက်တွေကို အဆုံးစွန် ခေတ်မီနေမယ့် လက်နက်တွေအဆင့်ထိ တီထွင်ထုတ်လုပ်ဖို့ တောင်းဆိုခဲ့ပြီး နိုင်ငံရဲ့ ဗျူဟာမြောက် အနေအထားကို မြှင့်တင်ဖို့အတွက် ကာကွယ်ရေး စွမ်းရည်တွေကို ဆက်လက်မြှင့်တင်သွားမယ်လို့ ကတိပြုခဲ့ကြောင်း KRT  သတင်းမှာ ဖော်ပြပါတယ်။

ကာကွယ်ရေးဖွံ့ဖြိုးတိုးတက်မှုပြပွဲလို့ အမည်ပေးထားတဲ့ အဲဒီအခမ်းအနားမှာ မဟာဗျူဟာနဲ့ နည်းဗျူဟာမြောက် လက်နက်တွေကို ပြသထားပါတယ်။

ယူကရိန်းစစ်ပွဲကို ပံ့ပိုးဖို့အတွက် မြောက်ကိုရီးယားက ရုရှားကို တပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် စေလွှတ်မှုနဲ့အတူ ပြုံယမ်းနဲ့ မော်စကိုကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာမှုအပေါ် နိုင်ငံတကာမှ ဝေဖန်မှုတွေ ရှိနေတဲ့အကြားမှာပဲ  ကင်မ်ဂျုံအွန်းရဲ့ နောက်ဆုံးမိန့်ခွန်း ပြောကြားချက် ထွက်ပေါ်လာတာပါ။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013