DVB Logo
Home
မြန်မာသတင်း
မြေပြန့်ဒေသတိုက်ပွဲများအတွက် မန္တလေးPDF က  တပ်ဖွဲ့ဝင်အသစ်ခေါ်ယူ
DVB
·
November 23, 2024
မြေပြန့်ဒေသတိုက်ပွဲများအတွက် မန္တလေးPDF က  တပ်ဖွဲ့ဝင်အသစ်ခေါ်ယူ
Donate to DVB

မြေပြန့်ဒေသတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က တပ်ဖွဲ့ဝင်အသစ်တွေခေါ်ယူနေတယ်လို့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အနေနဲ့ တိုင်းရင်းသားဒေသတွေကိုအားပြုပြီးတော့ မြေပြန့်ကိုထိုးဖောက်ဝင်ရောက်လာခဲ့တာဟာ အခုဆိုရင် တောင်စဉ်တောင်တန်းတွေကနေတဆင့် ဧရာဝတီမြစ်ကမ်းနံဘေးထိ ချီတက်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရှေ့ဆက်မယ့် မြေပြန့်ဒေသတွေနိုင်ပွဲတွေဖော်ဆောင်နိုင်ဖို့ တပ်ဖွဲ့ဝင်အသစ်တွ ခေါ်ယူတာဖြစ်ပါတယ်” လို့ပြောပါတယ်။

MDY PDF ဟာ စုဆောင်း၊ လေ့ကျင့်၊ စုဖွဲ့၊ တိုက်ပွဲဝင် ဆိုတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်းကို သက်ဆိုင်ရာဌာနတွေအလိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြပြီး တိုက်ပွဲကြီးငယ်ပေါင်းများစွာကို အနိုင်တိုက်ရုံတင်မက ပြည်သူ့လွတ်မြောက်နယ်မြေတွေ ဖော်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။

MDY PDF ရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ပြည်သူတွေ သီဆိုဟစ်ကြွေးခဲ့ကြတဲ့ အရေးကြီးပြီ ညီနောင်အပေါင်းတို့ အစပြုတဲ့ သီချင်းအတိုင်းပဲ ရှေ့ဆက်ဖော်ဆောင်မယ့် မြေပြန့်ဒေသ လွတ်မြောက်ရေးအတွက် ရဲဝံ့ခိုင်မာထက်သန်တဲ့ စစ်သည် စစ်မေအများအပြား လိုအပ်နေတဲ့အတွက် စိတ်ပါဝင်စားသူအားလုံး ကျနော်တို့ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး ကို အမြန်ဆုံး ဆက်သွယ်ချိတ်ဆက်ကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စိတ်ပါဝင်စားသူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ လူမှုကွန်ရက် စာမျက်နှာအပြင် တယ်လီဂရမ်ချယ်နယ်ဖြစ်တဲ့ @mdypdfrecruit ကနေလည်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးဟာ မိုးကုတ်မြို့ မိုးမိတ်မြို့အပါအဝင် မတ္တရာမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းပေါင်း ၄၀ နီးပါး၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013