DVB Logo
Home
မြန်မာသတင်း
တန့်ယန်းမြို့တွင် လောင်းကစားနှင့် မူးယစ်ဆေးဝါး ပိုမိုများပြားလာ
DVB
·
November 23, 2024
တန့်ယန်းမြို့တွင် လောင်းကစားနှင့် မူးယစ်ဆေးဝါး ပိုမိုများပြားလာ
Donate to DVB

စစ်ကောင်စီတပ်နဲ့ UWSA ‘၀’ တပ်ဖွဲ့တို့ ခွဲဝေအုပ်ချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့မှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေ ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ဒေသခံတယောက်က “ ‘၀’ တပ်က ကျားဖြန့်တွေ ဖမ်းတာတော့ ဟုတ်တယ်။ သူတို့ စိုးမိုထားတဲ့ ရွာတွေဘက်မှာဖမ်းတာ။ အခုမြို့ပေါ်မှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးက ပိုတောင်ပေါလာနေသေးတယ်။ မူးယစ်ဆေးက လမ်းသွားလမ်းလာ တောင်တွေ့နေရတယ်” လို့ ပြောပါတယ်။

တန့်ယန်းမြို့ပေါ်အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာအသီးသီးကို လက်ရှိအချိန်ထိ စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျေးရွာတွေဘက်ကိုတော့ UWSA ‘၀’ တပ်ဖွဲ့က လက်ရှိစိုးမိုးထားကာ ထောင်နဲ့ချီတဲ့ စစ်သည်အင်အားတွေကို တပ်ဖြန့်ထားပါတယ်။

တန့်ယန်းမြို့ခံတယောက်က ‘၀’ တပ်ဖွဲ့က တန့်ယန်းမြို့မြောက်ဘက်က ကျေးရွာတွေမှာ အဓိကနေရာဝင်ယူပြီး တပ်ဆွဲထားကြတယ်။ မြို့ပေါ် အုပ်ချုပ်ရေးကတော့ စကစ လက်အောက်ခံတွေ မူလအရင်အတိုင်းပဲအုပ်ချုပ်နေဆဲပဲ။ ‘၀’ ကကျားဖြန့် ဖမ်းတယ်ဆိုပေမဲ့ မြို့ပေါ်မှာ လောင်းကစားတွေက ရှိတုန်းပဲ ” လို့ ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နဲ့ နွေဦးတော်လှန်ရေးအင်းအားစုတွေ  ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအတွင်း  ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာ  ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က တန့်ယန်းမြို့နယ်ကို အင်အားထောင်ချီနဲ့ ဝင်ရောက်လာပြီး တပ်စွဲခဲ့ ပါတယ်။

UWSA  ‘၀’ တပ်ဖွဲ့ဟာ တန့်ယန်မြို့နယ်မှာရှိတဲ့ အွန်လိုင်ငွေလိမ် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံသား  ၇၆၂ ယောက်ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲအပ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံက နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013