DVB Logo
Home
နိုင်ငံတကာ
အရှေ့တောင်အာရှတွင် မက်သနော အရက်အဆိပ်သင့်မှု အဖြစ်များလာ၊ လာအိုတွင် ၅ ဦးသေဆုံး
DVB
·
November 22, 2024
အရှေ့တောင်အာရှတွင် မက်သနော အရက်အဆိပ်သင့်မှု အဖြစ်များလာ၊ လာအိုတွင် ၅ ဦးသေဆုံး
Donate to DVB

လာအိုနိုင်ငံရဲ့ အပန်းဖြေမြို့ ဗန်ဗီအင်းမှာ ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်း မက်သနော ပါဝင်တဲ့ အရက်သောက်သုံးမှုကြောင့် ကမ္ဘာလှည့်ခရီးသွား ၅  ယောက် အဆိပ်သင့်ပြီး သေဆုံးခဲ့ရပါတယ်။

အဲဒီထဲမှာ ဗြိတိန်အမျိုးသမီးတယောက်၊ ဩစတြေးလျ အမျိုးသမီးတယောက်၊ အမေရိကန်အမျိုးသားတယောက်နဲ့ ဒိန်းမတ်နိုင်ငံသား ၂ ယောက်တို့ ပါဝင်ပြီး နောက်ထပ်တယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

အခုလိုမျိုး သေဆုံးမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပေမဲ့လည်း သတင်းတွေထဲမှာတော့ အရက်ပုန်း ဒါမှမဟုတ် ချက်အရက် သောက်သုံးမိတာကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရာ မြို့ငယ်လေးဟာ ကျောပိုးအိတ်တလုံးနဲ့ ခရီးသွားလာသူတွေရဲ့ တထောက်နားရာလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှတလွှားနဲ့ မဲခေါင်မြစ်ဝှမ်းဒေသမှာရှိတဲ့ ဆင်းရဲတဲ့နိုင်ငံတွေက မက်သနော အဆိပ်သင့်မှု ပြဿနာကို လူတွေသိထားခဲ့တာ ကြာပြီဖြစ်ပါတယ်။

တရားမဝင် အရက်ချက်လုပ်ရာမှာ အသုံးပြုကြတဲ့ မက်သနောက အရောင်နဲ့အရသာ မရှိတာကြောင့် ပါဝင်မှုကိုသိနိုင်ဖို့ ခက်ခဲသလို အဆိပ်သင့်တဲ့ လက္ခဏာကိုလည်း ချက်ချင်းခံစားရတာမျိုး မရှိပါဘူး။

ဒါပေမဲ့လည်း မက်သနောဟာ ယမကာတွေထဲမှာ ထည့်သုံးရတဲ့ အက်သနော ဓာတုပစ္စည်းနဲ့ အနံ့ဆင်တူတဲ့အပြင် စျေးပါသက်သာတာကြောင့် အသုံးပြုမှုများလာခဲ့တာ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့  မက်သနောအဆိပ်သင့်မှု အများဆုံးဖြစ်ပွားတဲ့ဒေသဟာ အာရှဖြစ်ပြီး အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ အဓိက ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အင်ဒိုနီးရှားဟာ မက်သနောအဆိပ်သင့်မှု အများဆုံးတွေ့ရတဲ့နိုင်ငံ ဖြစ်တာကြောင့် အဓိကဖြစ်ပွားရာနေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါ့အပြင် မက်သနောဟာ လူတွေအတွက် အလွန်အန္တရာယ်များပြီး ၂၅ မီလီ လီတာလောက် သောက်သုံးမိရင်တောင် အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်တယ်လို့ MSF လေ့လာစောင့်ကြည့်ရေးအဖွဲ့အရ သိရပါတယ်။

ဒါကြောင့် အချိန်မီကုသမှုမခံယူခဲ့ရင် အဆိပ်သင့်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေ ရှိပေမဲ့လည်း နာရီ ၃၀ အတွင်း ကုသနိုင်မယ်ဆိုရင်တော့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို လျှော့ချနိုင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013