DVB Logo
Home
မြန်မာသတင်း
မှော်ဘီရှိ မြဝတီအသံလွှင့်ရုံ တိုက်ခိုက်ခံရ
DVB
·
November 22, 2024
မှော်ဘီရှိ မြဝတီအသံလွှင့်ရုံ တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ရုံကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Yangon Army က ပြောပါတယ်။ 

နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်လောက်မှာ M79 လက်နက်ကြီး အသုံးပြုပြီး ၄၀ မမ ဗုံးသီး ၃ လုံးနဲ့ အသံလွှင့်ရုံထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Yangon Army သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“တော်လှန်ပြည်သူကို YA အနေနဲ့ အကြမ်းဖက်စစ်ကောင်စီ မပြုတ်မချင်း အရင်ထက် ၂ ဆတိုး ကြိုးစားပြီး စကစကို ရှေ့ဆက်တိုက်ခိုက်သွားမယ်လို့ အသိပေးချင်ပါတယ်။ တိုက်ခိုက်ခံရတာကို သူတို့တွေက ဘယ်တုန်းက ဝန်ခံတာ ရှိခဲ့ဖူးလို့လဲ။ ဘယ်လောက်ထိထိ ဘယ်လောက်သေသေ Fake news လို့ပဲ ကျားကန်ပေးထားကြရတာလေ။ မြဝတီအသံလွှင့်ဌာနထဲ ပစ်ခံရတဲ့အချိန် ရှိနေတဲ့သူတွေ အသိဆုံးပါ။ ကျနော်တို့ ရန်ကုန်တိုင်းလွှတ်တော်ဝန်းထဲ ခဏခဏ သွားပစ်ခဲ့ဖူးတယ်။ သူတို့ ဖင်ပိတ်ငြင်းတယ်။ ကျနော်တို့မှာ Mission Record က ရှိနေပြီးသားလေ၊ ထိုင်ရယ်နေရုံပေါ့” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကတော့  Fake News သတင်းတုလို့ ပြောနေပါတယ်။

မှော်ဘီမြို့ခံတယောက်ကတော့ “မနေ့ညနေ ၅ နာရီကျော်က ပေါက်ကွဲသံကြားရတာ ဟုတ်တယ်။ စစ်တပ်တွေရှိတဲ့ဘက်ပဲ၊ ရပ်ကွက်ဘက်တော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုအပြီးမှာ ဝန်းရှေ့ကလမ်းမကို နာရီပိုင်းလောက် ပိတ်ဆို့ထားခဲ့ပြီး စစ်ကားတွေနဲ့ လိုက်လံရှာဖွေတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Yangon Army အဖွဲ့ဟာ ၂၀၂၄ တနှစ်အတွင်းမှာပဲ ရန်ကုန်စစ်ဆင်ရေး မစ်ရှင်ပေါင်း ၂၀ ကျော် လုပ်ခဲ့ပြီး ရန်ကင်းရဲစခန်း၊ လှည်းကူးမြို့နယ်ထဲက အမြန်လမ်း ဇီးရိုးမိုင်ဂိတ်၊ ဗဟန်းမြို့နယ်က Mytel ရုံးချုပ်တွေကို တိုက်ခိုက်နိုင်ခဲ့မှုဟာ ထင်ရှားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013