DVB Logo
Home
Lead Story
မှော်ဘီတွင် စစ်တပ်၏ တိုက်ခိုက်ရေးလေယာဉ် အင်ဂျင်မီးလောင် ပျက်ကျ
DVB
·
August 3, 2026
စလင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ က ပျက်ကျသွားခဲ့သည့် တိုက်လေယာဉ် (ပုံဟောင်း)။ Photo: မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း
စလင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ က ပျက်ကျသွားခဲ့သည့် တိုက်လေယာဉ် (ပုံဟောင်း)။ Photo: မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း
Donate to DVB

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ဖို့ လေကျင့်နေတဲ့ အာဏာရှင်စစ်တပ်ရဲ့ တိုက်ခိုက်ရေး လေယာဉ် တစင်း ဩဂုတ် ၃ ရက် ဒီမနက် ၅ နာရီကျော်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ ငှက်နဲ့တိုက်မိပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျခဲ့တယ်လို့ စစ်တပ်ဝါဒ ဖြန့်ရုပ်သံက ကြေညာပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်မှာ လေ့ကျင့်ပျံသန်းနေစဉ် ငှက်နဲ့တိုက်မိခဲ့ပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မပျက်ကျမီ လေယာဉ်မှူးက အရေးပေါ်ထွက်ခွာတဲ့စနစ် (Ejection System) ကို အသုံးပြုကာ လေယာဉ်ပေါ်မှ ခုန်ထွက် အသက်ဘေးမှ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်အမျိုးအစားနဲ့ ပျက်ကျမှု အသေးစိတ်အခြေအနေတွေကို ပြောဆိုထားတာ မရှိပါဘူး။ လေယာဉ်ပျက်ကျတဲ့ နေရာကို အာဏာရှင်စစ်တပ်ဘက်က ရှာဖွေနေပြီး လေယာဉ်အပျက်အစီးတွေကို ပြန်လည်အပ်နှံဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တပ်က ဗုံးကြဲ လေယာဉ်တွေဟာ  စက်ချွတ်ယွင်းလို့ ပျက်ကျတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တပ်တွေရဲ့ ပစ်ချမှုကြောင့် ပျက်ကျတာ များလာတယ်လို့ စစ်ရေးလေ့လာသူတယောက်က  DVB ကို ပြောပါတယ်။

“အာဏာသိမ်းပြီး စစ်တပ်က လေယာဥ်ပျက်ကျတဲ့ အကြိမ်ရေ ၁၀ ကြိမ်ထက် မနည်းရှိတယ်။ အဲဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပစ်ချလို့ ပျက်ကျတဲ့ လေယာဥ်တွေလည်း ရှိတယ်။ စက်ချွတ်ယွင်းလို့ ပျက်ကျတာက တရုတ်နဲ့ ရုရှားက သုံးပြီးသား လေယာဥ်တွေ၊ စစ်တပ်က ဂျင်းမိသွားတာ။” 

၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပစ်ချမှုနဲ့ ပျက်ကျမှုကြောင့် အာဏာရှင်စစ်တပ်က လေယာဥ်ပေါင်း ၁၆ စင်း ပျက်ကျပျက်စီးခဲ့တယ်လို့ စစ်ရေးလေ့လာသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013